မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ပဲဈေးကွက်မှာ ပဲသစ်မျိုးစုံ အဝင် လှိုင်စပြုနေသလို အရောင်း အဝယ် သွက်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် ယခုအပတ်မှာ နယ်စုံက ငုံနီ အဝင်လှိုင်လာကာ တစ်နေ့အိတ် ၁၀၀၀၀ ခန့်ရှိခဲ့ပြီး၊ပခုက္ကူနဲ့ရန်ကုန်ဝယ် လက်စုံခဲ့ကာတစ်ရက်အနည်းဆုံး အိတ် ၅၀၀၀ ကနေ အများဆုံး အိတ် ၈၀၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ်အတွင်းမှာတော့ ငုံနီဈေးဟာ တစ် တင်း ၁၈၁၀၀ ကျပ်နဲ့ ၁၈၃၀၀ ကျပ် ကြားဈေးငြိမ်နေပြီးလှောင်လက်အဝယ် တော့ မရှိသေးဘူးလို့ သိရပါတယ်။
ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက် အနေနဲ့ စိမ်းကြီးက ပစ္စည်း ပြတ်သ လောက်ရှိကာ ပေါက်ဈေးမဖွင့်နိုင်ခဲ့ဘဲ စိမ်းသေးကတော့ တစ်တင်း ၂၇၂၀၀ ကျပ်မှ ၂၇၈၀၀ ကျပ်ဈေးပေါက်ခဲ့ပြီး၊ တစ်နေ့အိတ် ၂၀၀ မှ ၃၀၀ ကြား၊ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိတယ် လို့သိရပါတယ်။ ယခုတစ်ပတ်မှာ ပဲပုပ် စေ့ကို မန်းနဲ့ ရန်ကုန်အဆွဲရှိလာတဲ့ အတွက် တစ်တင်း ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ကျပ်ထိဈေးမြောက်ခဲ့ကာ တစ် နေ့အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ မတ်ပဲဈေးကွက်မှာတော့ နယ်က ပစ္စည်းဝင်ရောက်မှုအပေါ်မူတည်ကာ နေ့စဉ်အရောင်းအဝယ်ပမာဏအနည်း အများဖြစ်ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ အများဆုံး ရောင်းရကာ ပေါက်ဈေး အနေနဲ့ တစ်တင်း ၁၈၆၀၀ ကျပ်မှ ၁၈၇၀၀ ကျပ်မှာ ဈေးငြိမ်နေတာတွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ ကုန်းပဲကြီး တွေ ဈေးကွက်ထဲ အသစ် ဝင်ရောက် လာပြီး ဒေသလက်လီအဝယ်သွက်ရာ တစ်တင်း ၂၃၂၀၀ ကျပ်နဲ့ အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် ပဲနီလိုင်းမှာ စွန်တာ နီကို ဒေသသုံးအပြင် Export ရှိတဲ့ အတွက် ရန်ကုန်ဝယ်လက် ဆွဲအား ကောင်းလို့ တစ်ရက်အိတ် ၁၀၀၀ ဝန်း ကျင် အရောင်းအဝယ် ဖြစ်ခဲ့ကာ ပေါက်ဈေးအနေနဲ့ တစ်တင်း ၂၀၀၀၀ ကျပ်မှာ ငြိမ်နေခဲ့ပါတယ်။ ပဲဟောင်း ဈေးကွက်အနေနဲ့ ကုလားပဲမျိုးစုံအနက် ထိုင်ဝမ် V2 နဲ့ 929 တို့ ပဲသစ် အနည်း ငယ်ဒိုင်ကိုဝင်ရောက်ခဲ့လို့ ပဲဟောင်းဈေး ကျခဲ့ကာ အရောင်းအဝယ်ပါ အေးခဲ့ တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများအနေနဲ့ V2 ဟာ အဟောင်း တစ်တင်း ၁၆၂၀၀ ကျပ်၊ အသစ်၁၆၅၀၀ကျပ်၊ ထိုင်ဝမ်အဟောင်း တစ်တင်း၁၄၇၀၀ ကျပ်၊အသစ် ၁၅၀၀၀ ကျပ်နဲ့ 929 အဟောင်းတစ်တင်း ၁၅၅၀၀ ကျပ်၊ အသစ် ၁၅၈၀၀ ကျပ် အသီးသီး ဈေးအေးသွားခဲ့ကာယခုတစ်ပတ်အတွင်း ကုလားပဲ မျိုးစုံ အိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ရှိခဲ့တယ်လို့ ဒိုင်ရပ် ကွက်က လေ့လာသိရှိရပါတယ်။ထွန်းလှိုင်-မုံရွာ