ရန်ကုန်တိုင်း ဒေသကြီးရဲ့ အဓိက နိုင်ငံခြားပို့ကုန်တစ်ခုဖြစ်တဲ့ ပဲတီစိမ်း သီးနှံများ မကြာမီထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးရဲ့ တောင်ပိုင်း ခရိုင် ဖြစ်တဲ့ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှာ မိုးစပါးစိုက်ပျိုးပြီး၊ သီး ထပ်သီးနှံတစ်ခုအဖြစ် ပဲတီစိမ်းကို အဓိက စိုက်ပျိုးတဲ့ ဆောင်းသီးနှံဖြစ် ပါတယ်။ စိုက်ပျိုးဧကအနေနဲ့ ၂၀၁၂-၂၀၁၃ စိုက်ပျိုးရာသီမှာ သန်လျင်မြို့ နယ်မှာ လေးသောင်းနှစ်ထောင်ကျော်၊ သုံးခွမြို့မှာ တစ်သိန်းနှစ်သောင်းကျော်ရှိ ပြီး၊ ခရမ်းမြို့နယ်မှာ ကိုးသောင်းခြောက် ထောင်ကျော် စိုက်ပျိုးခဲ့တဲ့အတွက် သုံး မြို့နယ်အားဖြင့်နှစ်သိန်းခြောက်သောင်း ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
အထွက်နှုန်းအားဖြင့် ပျမ်းမျှတစ်ဧကကို ၁၅တင်းနှုန်းစိုက်ပျိုးထွက်ရှိခဲ့လို့ အထွက် တင်း စုစုပေါင်း သုံးဆယ့်ရှစ်သိန်းခုနှစ် သောင်းခန့် ထွက်ရှိခဲ့ပါတယ်။ ထွက် ရှိခဲ့တဲ့ ပဲတီစိမ်းများကိုလည်း ဒေသ စားသုံးမှုအနည်းငယ်နဲ့ မျိုးပဲအဖြစ်သာ ချန်ပြီး၊ ထွက်ကုန်အားလုံး ရောင်းချခဲ့ တဲ့ အတွက် တောင်သူတစ်ဦး ချင်း ဝင် ငွေ တိုးစေတဲ့ သီးနှံတစ်ခုဖြစ်သလို ဒေသ တစ်ခု နိုင်ငံတစ်ခုအတွက်လည်း နိုင်ငံခြားဝင်ငွေတိုးပွားရရှိစေတဲ့ ရွှေသီးနှံ တစ်ခုဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ စိုက်ပျိုးရာသီမှာ လည်း စိုက်ပျိုးဧကအနေနဲ့ ယခင်နှစ် ထက် လျော့နည်းခြင်း၊ ပြောင်းလဲခြင်း မရှိတဲ့အတွက် စိုက်ပျိုးဧက နှစ်သိန်း ခြောက်သောင်းလေးထောင်ကျော် စိုက် ပျိုးခဲ့တယ်လို့ သိရှိရပါတယ်။ စိုက်ပျိုး ရာသီချိန်မှာ မျိုးပဲချချိန်ရာသီဥတု အခြေအနေ စိုးရိမ်ရမှုကြောင့် အချိန် အနည်းငယ်နောက်ကျစိုက်ပျိုး ခဲ့ရပြီး နောက်ပိုင်းမှာ ပုံမှန်ဖြစ်လာလို့ ပဲတီ စိမ်းသီးနှံအတွက် အလွန်ကောင်းတဲ့ ရာသီတစ်ခုဖြစ်ကြောင်း၊တောင်သူအများ စုထံမှ သတင်းကောင်းရရှိခဲ့ပါတယ်။ ထို့အပြင် ပဲတီစိမ်း စိုက်ပျိုးတဲ့ တောင်သူများအနေနဲ့ ပိုးမွှား၊ ရောဂါ အနည်းငယ်သာ တွေ့ကြုံခဲ့ရလို့ ဘေး ထွက် ကုန်ကျစရိတ် လျော့နည်းပြီး၊ အထွက်တင်းလည်းယခင်နှစ်ထက် ပိုမို ထွက်ရှိမယ်လို့ ခန့်မှန်းတွက်ဆနေကြပါ တယ်။ မျိုးအားဖြင့် ပဲတီရွှေဝါမျိုးကိုသာ စတင်စိုက်ပျိုးခဲ့ပြီး၊ နှစ် ၂၀ အတွင်းမှာ ပဲတီရွှေဝါ၊ ရေဆင်း (၅)၊ ရေဆင်း (၇)၊ ရေဆင်း (၉)၊ ရေဆင်း(၁၁)၊ စိုက်ပျိုးရေး (၁)စသည်ဖြင့် အထွက်ကောင်းမျိုးများ ကို ရှာဖွေစိုက်ပျိုး နေကြောင်း သိရပါ တယ်။ ယခုနှစ်မှာ စိုက်ပျိုးချိန် အနည်း ငယ် နောက်ကျသော်လည်း ကုန်းကျတဲ့ နေရာများမှာ စိုက်ပျိုးကြတဲ့ တောင်သူ များအနေနဲ့ အနည်းငယ် ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှ လှိုင်လှိုင် ထွက်ရှိမယ်လို့ တောင်သူ အများစုမှ ခန့်မှန်းပြောနေကြပါတယ်။ ၂၀၁၂-၂၀၁၃ မှာ ပဲတစ်တင်းပိဿာ ၂၀ ကို ၂၅၀၀၀ ကျပ်နဲ့စတင်ရောင်းချခဲ့ ရပြီး၊ နောက်ဆုံး ဇူလိုင်လကုန်ထိ ၂၈၀၀၀ ကျပ်ခန့်သာ ရောင်းချခဲ့ရတဲ့ အတွက် အကျိုးအမြတ် နည်းခဲ့ရပါ တယ်။ ယခုနှစ်စတင်ထွက်ရှိတဲ့ ပဲတီစိမ်း တစ်တင်းဈေးနှုန်းမှာ ၃၄၀၀၀ ကျပ် - ၃၅၀၀၀ ကျပ်နဲ့ ဝယ်ယူနေပြီဖြစ်တဲ့ အတွက် ပဲတီစိမ်းစိုက်ပျိုးတဲ့ တောင်သူ များ ခန့်မှန်း တွက်ဆထားတဲ့အတိုင်း အထွက်တင်း ပိုမိုရရှိမယ်ဆိုပါရင် အထွက်လည်းကောင်း၊ ဈေးနှုန်းလည်း ကောင်းတဲ့အတွက် သန်လျင်၊ သုံးခွ၊ ခရမ်းမြို့မှ တောင်သူများအနေနဲ့ ပဲတီ စိမ်းသီးထပ်သီးနှံဟာ ရွှေဖြစ်သီးနှံ တစ် ခု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။သိန်းမြင့် - ခရမ်း(သုံးခွ)