Main menu

Background

ထမနဲ ရာသီချိန်ဖြစ်လို့ ပြည်ဈေးကွက်မှာ နှမ်းဈေးနဲ့အတူ ဆီဈေးပါမြင့်

Thu, 02/13/2014 - 04:03 -- ydnar

ပြည်ဈေးကွက်ကို ယခုအပတ်မှာ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း ဘက်မှ နှမ်းအိတ်တစ်နေ့ကို ၁၀၀၀ ခန့် ဝင်ရောက်နေပါတယ်။ နှမ်းနက် ဝယ်လက်များက အဝယ်သိပ်မများခြင်း၊ ဈေးကွက်ကို နှမ်းနက်ဝင်ရောက်မှု များပြီး၊ အရည်အသွေးမမီလို့ တရုတ်ဝယ်လက်များ၊ အကြိုက်မတွေ့တာ ကြောင့် နှမ်းနက်ဈေးမှာ ယခင်အပတ်ထက် ဈေးပြန်ကျလာပြီး၊ ယခုအပတ် နှမ်းနီဈေးနဲ့ ဈေးတူနေတာတွေ့ရပါတယ်။

နှမ်းနီကို ဆီစက်သမားများက အဝယ်ရှိခြင်း၊တပို့တွဲလ ထမနဲရာသီချိန်ဖြစ်လို့ နှမ်းနီရော၊ ဆီဈေးပါ အနည်း ငယ်တက်လာပါတယ်။နှမ်းဈေးကို ၂၀၀၄ နှစ်စမှ စပြီး၊ ယခုအချိန်ထိ တစ် ပတ်ခြင်းပြန်ကြည့်မယ်ဆိုရင် ဇန်နဝါရီ ပထမ အပတ်မှာ နှမ်းနီတစ်တင်းကို ၄၃၃၀၀ ကျပ်၊ နှမ်းနက်တစ်တင်းကို ၅၅၀၀၀ ကျပ်ဖြစ်ခဲ့ပြီး၊ ဒုတိယပတ်မှာ နှမ်းနီတစ်တင်းကို ၄၃၃၀၀ ကျပ်နဲ့ ယခင်အပတ် အတိုင်း ဈေးဆက်ငြိမ်နေ ပြီး၊ နှမ်းနက်တစ်တင်းကို ၄၇၃၀၀ ကျပ်နဲ့ ယခင်အပတ်ထက် ဈေးပြန် ကျလာတာတွေ့ ရပါတယ်။ မန္တလေးဝယ်လက်များက အဝယ်သိပ်မလိုက်ဘဲ၊ ခေတ္တနားထားလို့ ဈေးပြန်ကျလာပါတယ်။ ဇန်နဝါရီလ တတိယပတ်မှာ နှမ်းနီတစ်တင်းကို ၄၅၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်းကို ၅၅၆၀၀ ကျပ်နဲ့ ပြည်ဈေးကွက်မှာ ဆီစက်သမားရော၊ တရုတ်ဝယ်လက်သမားပါ အဝယ် ပြန်လိုက်လာလို့ ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ဇန်နဝါရီ နောက်ဆုံး အပတ်မှာ နှမ်းနီတစ်တင်းကို ၄၆၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်းကို ၅၆၀၀၀ ကျပ်ဈေးနဲ့ ဇန်နဝါရီလအတွက် ဈေအမြင့်ဆုံးဖြစ်လာပါတယ်။ ယခုဖေဖော်ဝါရီလ ပထမပတ်မှာ နှမ်းနီတစ်တင်းကို ၄၆၆၀၀ ကျပ်၊ နှမ်းနက် တစ်တင်းကို ၄၆၆၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ပြည် ဈေးကွက်ရဲ့ နှမ်းအရောင်းအဝယ်မှာ တစ်ရက်ကို အိတ် ၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ်ဖြစ်တဲ့ အထဲမှာ နှမ်းနီသာ အများဆုံးဖြစ်ပါတယ်။ ယခုအပတ် နှမ်းနီဈေးမှာ ထမနဲရာသီချိန်ဖြစ်လို့ တစ်ပိဿာ ၅၄၀၀ ကျပ်အထိ ဈေးမြင့်နေတာတွေ့ရပါတယ်။ ဝေေ၀မင်း - ပြည်