Main menu

Background

ပြည်တွင်းဈေးကွက်သာ အဝယ်ရှိတဲ့ဟိုပုံးနနွင်းဈေးကွက်

Thu, 02/13/2014 - 04:11 -- ydnar

မနှစ်ကလိုပဲ နနွင်းက ဝယ်လက်ရှိလိုက်၊ ပျောက်သွား လိုက်နဲ့ ဖြစ်နေပါတယ်။ နှစ်စမှာတော့ မူဆယ် ဝယ်လက်တွေ ဟိုပုံးနနွင်းကို ဝယ်ယူခဲ့ပေမဲ့ အခုတော့ ပြန်ငြိမ်နေပါတယ်။ ဟိုပုံး၊ နနွင်းခြောက်ကလည်း လက်လီ ခန့်သာအရောင်း အဝယ် ဖြစ်ပါတော့တယ်။ ဒေသတွင်း ဈေးပတ်သမားတွေက လည်း သိပ်များများစားစားဝယ်လေ့ မရှိပါဘူး။ ဈေးနေ့တွေမှ သာ ပိဿာ တစ်ရာ၊ နှစ်ရာခန့်အဝယ်ရှိပြီး၊ နနွင်းမှုန့်ကြိတ်ဖို့ အတွက် ဝယ်ယူတယ်လို့ သိရပါတယ်။

ဟိုပုံးနနွင်းခြောက်က တစ်ပိဿာ ၇၀၀ ကျပ် ပတ်ချာလည်ရှိပြီး၊ နနွင်းအစိုကတော့ တစ်ပိဿာ၇၀ ကျပ်မှ ၉၀ ကျပ်ခန့်သာရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာလည်း နနွင်းအရောင်းအဝယ်က အေးပါတယ်။ ပြည်ပ ဝယ်လက်မရှိသလို ပြည်တွင်းအရောင်းကလည်း သိပ် မရှိပါဘူး။ ဈေးနှုန်းကလည်း နှစ်စကတည်းကနေ ဒီအပတ် အထိ တစ်ပိဿာကို အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ပြည်တွင်းဈေးပတ် သမား တွေကတော့ ပရဆေးဖော်ဖို့အတွက်ရယ်၊ အမှုန့်ကြိတ်ဖို့ရယ် အတွက်တော့ ဝယ်နေကြတာကြောင့် တစ်ပတ်ကို ပိဿာချိန် (ကိုးထောင်)ခန့်တော့အရောင်းအဝယ်ဖြစ်တယ်လို့အောင်ပန်း ပွဲရုံတွေက သိရပါတယ်။ဧဧခိုင် - တောင်ကြီး