Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီ ဈေးနှုန်းများ

Thu, 02/13/2014 - 04:19 -- ydnar

ဒီတစ်ပတ် ဓာတ်ဆီတန်ချိန် တစ်သောင်းခြောက်ထောင့်ခြောက်ရာ ခုနှစ်ဆယ်ကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်းကျော်ဝင်ခဲ့
၂၀၁၄ ဇန်နဝါရီလ ၂၆ ရက်မှ  ဖေဖော်ဝါရီလ ၁ ရက် သီတင်းပတ်အတွင်း  ဓာတ်ဆီ တန်ချိန် ၁၆၆၇၈ ဒသမ ၆၀၅ တန်နဲ့ ဒီဇယ်တန်ချိန် ၂၀၀၂၁ ဒသမ ၂၂၃တန်၊စုစုပေါင်းတန်ချိန်သုံးသောင်းခြောက်ထောင့်ခြောက်ရာကိုးဆယ့်ကိုး တန်ကို ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီကဒီတစ်ပတ်မှာတန်ချိန် ကိုးရာရှစ်ဆယ်ကျော် အဝင်ပိုခဲ့ပြီး ဒီဇယ်မှာ တန်ချိန် နှစ်သောင်းတစ်ထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဇန်နဝါရီလဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး ဒီဇင်ဘာလရဲ့ဓာတ်ဆီ၊ဒီဇယ်အဝင် စုစု ပေါင်းမှာ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်သာရှိခဲ့တာကြောင့် ယခုလမှာ တန်ချိန် ငါးသောင်းသုံးထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းစက်သုံးဆီဈေးများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၅၀ကျပ်၊ အောက် တိန်း ၉၂၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၉၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီပီပါဈေးများမှာဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဝယ်ဈေး ၂၁၅၀၀၀ ကျပ်၊ ရောင်းဈေး ၂၁၈၀၀၀ကျပ်နဲ့အရောင်းအဝယ် ဖြစ်ရာမှဖေဖော်ဝါရီ ၇ ရက်နေ့ထိ ဒီဈေးနဲ့ဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီဇယ် ဈေးမှာဖေဖော်ဝါရီ၃ရက်နေ့မှာဝယ်ဈေး၁၉၉၀၀၀ ကျပ်၊ရောင်းဈေး၂၀၁၀၀၀ ကျပ် ဈေးနဲ့အရောင်းအဝယ်ဖြစ်သော်လည်းဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဝယ်ဈေး ၁၉၈၀၀၀ ကျပ်၊ရောင်းဈေးမှာ၂၀၀၀၀၀ကျပ်ကိုဈေးကျလာခဲ့ကြောင်းသိရပါတယ်။တစ်ဂါလန် ဝယ်ဈေး၊ ရောင်းဈေးများမှာတော့ ဒီတစ်ပတ်မှာလည်း ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန်၄၀၀၀ကျပ်ဖြစ်ပြီးရောင်းဈေး၄၂၀၀ကျပ်၊ဒီဇယ်တစ်ဂါလန်၃၅၀၀ ကျပ်ဝယ်ပြီး ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိပြီး  ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့ အဆင့်မြင့်ဒီဇယ် အောက်တိန်းနဲ့ ဒီဇယ်က ဈေးငြိမ်နေတယ်လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေး မှာဓာတ်ဆီ တစ်လီတာ ၉၉၀ ကျပ်၊ အောက်တိန်း ၉၅၀ကျပ် ၊ဒီဇယ် ၉၉၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၁၀၃၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ဒီတစ်ပတ် ဖေဖော်ဝါရီလ ၃ ရက် ပီပါအလိုက် ဒီဇယ်မှာ ဝယ်ဈေး ၂၀၄၀၀၀ ကျပ် ၊ ရောင်းဈေး ၂၀၆၀၀၀ ကျပ်ရှိရာမှ ၅ရက်နေ့မှာ ဝယ်ဈေး၂၀၅၀၀၀ ကျပ်ကိုဈေးမြင့်လာသော်လည်း ၆ ရက်နေ့မှာ၂၀၄၀၀၀ကျပ်ကိုပြန်လည်ဈေးကျလာခဲ့ပြီး၊ရောင်းဈေး မှာ၂၀၆၀၀၀ကျပ်နဲ့ တစ်ပတ်လုံး ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဓာတ်ဆီပီပါဈေးမှာလည်း ဖေဖော် ဝါရီ ၃ ရက်မှာ ဝယ်ဈေး၂၀၅၀၀၀ကျပ်၊ရောင်းဈေး ၂၀၆၀၀၀ ကျပ်ရှိရာမှ ၇ရက် နေ့တွင်ဝယ်ဈေးမှာ၂၀၃၀၀၀ ကျပ်ကို ဈေးကျလာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၄၄၀၀ ကျပ် ရောင်းဈေး ၄၆၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၄၅၀၀ ကျပ်၊ရောင်းဈေး၄၆၀၀ကျပ်ဈေးနဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပုဂ္ဂလိက စက် သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၄၃၀၀ ကျပ်၊ ဒီဇယ် ၄၃၅၀ ကျပ်၊ အောက်တိန်း ၄၃၀၀ ကျပ်နဲ့ ရောင်း ချပါတယ်။ ဒီတစ်ပတ်ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၅၀၀ ကျပ် ၊ အောက်တိန်း ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီမှာ ဈေးငြိမ် နေပေမဲ့ ဒီဇယ်နဲ့အောက်တိန်းမှာဈေးကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆိုင် မှာရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ် ဂါလန် ၄၂၀၀ကျပ်၊အောက်တိန်း၄၂၀၀ကျပ်နဲ့ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာဓာတ်ဆီတစ်ဂါလန်၄၁၀၀ကျပ်၊ဒီဇယ် ၄၂၀၀ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် နေတယ်လို့သိရှိရပါတယ်။    MIRT (DOT)