Main menu

Background

တရုတ်နှစ်သစ်ကူးအပြီးတွင် ရွှေဈေး အနည်းငယ်မြင့်တက်လာ

Thu, 02/13/2014 - 04:25 -- ydnar

တရုတ်နှစ်သစ်ကူးပွဲတော်ကာလအ ပြီးတွင် မြန်မာ့ရွှေဈေး တစ်ကျော့ပြန် လည် မြင့်တက်လာခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီက တည်းက တက်ရိပ်ပြလာခဲ့သည့် ရွှေ ဈေးသည် ပွဲတော်အပြီးတွင် တဖြည်း ဖြည်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။

"တရုတ်နှစ်သစ်ကူးမတိုင်ခင်က တည်းက တက်ဖို့စောင့်နေတာ။ ဒါပေ မယ့်တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံတစ်ခုလုံး အလုပ်မလုပ် ကြသလို နယ်စပ်တွေမှာလည်း အလုပ် မလုပ်ကြတော့တက်မယ်ဆိုတဲ့ရွှေဈေး က တန့်သွားတယ်။ အခု တရုတ်နှစ် သစ်ကူးလည်းပြီးရော ပြန်တက်လာ တယ်။ နောက်ပြီး ကမ္ဘာဘက်ကို ကြည့် ရင်လည်း စတော့ဈေးကွက်တွေ ကျ ဆင်းသွားတဲ့အတွက် ရွှေဘက်ကို ပြန် လှည့်လာကြတယ်။ ရွှေအဝယ်လိုက် လာတဲ့အတွက် ရွှေဈေးတက်ရတာပါ" ဟု ရွှေကုန်သည် ဦးစံမြင့်က သုံးသပ် ပြောကြားသည်။သို့သော် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည့် အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့အခြေအနေကို ထုတ်ပြန် မည့်ကြေညာချက်ကြောင့်လည်း ရွှေ ဈေး ပြန်လည်ကျဆင်းနိုင်ပြီး အတက် အကျကြမ်းမည့်ကာလဖြစ်နိုင်ကြောင်း တိတ်စိန်ရွှေဆိုင်မှ ပြောကြားသည်။"အမေရိကန်နိုင်ငံရဲ့အလုပ်လက် မဲ့ကိန်းဂဏန်းကလည်း ရွှေဈေးအပေါ် ကို သက်ရောက်နိုင်တယ်။ ခု တရုတ် နှစ်သစ်ကူးပြီးသွားပြီ ဆိုပေမယ့် စီးပွား ရေးကျဆင်းနေတဲ့တရုတ်နိုင်ငံရဲ့အခြေ အနေနဲ့ အမေရိကန်ကထုတ်ပြန်မယ့် အလုပ်လက်မဲ့အခြေအနေက ရွှေဈေး အတက်အကျကြမ်းမယ့်သဘောကိုပြ နေတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ဖေဖော် ဝါရီလ ၃ရက်နေ့က ကျပ် ၆၆၁၅၀၀ ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ကျပ် ၆၆၃၀၀၀ သို့ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ကျပ် ၆၆၄၀၀၀ သို့ ထပ်မံမြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဖေဖော် ဝါရီလ ၃ရက်နေ့က ၁၂၄၄ဒေါ်လာ ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ၁၂၆၂ဒေါ်လာသို့မြင့်တက်ခဲ့သည်။မယ်သီတာ