Main menu

Background

တစ်ပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်းများ (10-2-2014)

Thu, 02/13/2014 - 04:29 -- ydnar

ဒီတစ်ပတ်ထိုင်း နှင့် အိန္ဒိယ မှ ဘိလပ်မြေများဝင်
ပြည်တွင်းကို ကန်ဒေါ်လာ သုံးဆယ့်နှစ်သိန်းသုံးသောင်းကျော်တန်ဖိုးရှိ ဘိလပ် မြေ ၂၉၁၆၀ ဒသမ ၃၅၂ တန်ကို ဇန်နဝါရီနောက်ဆုံးသီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံ မှ ဘိလပ်မြေတန်ချိန် ၁၁၅၃၆ ဒသမ ၀၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၇၆၂၄ ဒသမ ၃၀၂ တန်ဝင်လာပါတယ်။

ဝင်လာတဲ့ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ စိန်တံ ဆိပ်၊ ဆင်တံဆိပ်၊INSEE တံဆိပ်များဝင်လာသလို အိန္ဒိယ  RAMCO တံဆိပ် ဘိလပ်မြေများဝင်လာခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် သုံးထောင်နီးပါးအဝင်ပိုခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီလအတွင်း ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သိန်းငါးသောင်းကျော်ရှိခဲ့ပြီး ယခင်လဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သိန်းကိုးသောင်းကျော်ရှိခဲ့တာကြောင့် ဒီလမှာတန်ချိန် တစ်သိန်းသုံးသောင်း ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။                       MIRT (DOT)
 
ယခင်တစ်ပတ်ထက် အဝင်ပိုပင်မယ့် ဈေးကွက်အတွင်းပုံမှန်ရှိနေ၂၀၁၄ ဇန်နဝါရီလ ၂၆ ရက်မှ  ဖေဖော်ဝါရီလ ၁ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန်နှစ်သောင်း ကိုးထောင်ကျော် ရှိခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန် နှစ်ထောင်ကိုးရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခုတစ်ပတ် မှာ တန်ချိန် တစ်ထောင့်ခုနှစ်ရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့သလို နယ်စပ်လမ်းမှလည်း ဘိလပ်မြေ အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့လည်း ဘိလပ်မြေဈေးက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက်ထဲ အေသုံးလုံးဘိလပ်မြေ၊ ကျားခေါင်းဘိလပ်မြေနဲ့ ဆင်ဘိလပ်မြေများက ပစ္စည်းပြတ် နေတယ်လို့သိရပါတယ်။ ခြင်္သေ့ဘိလပ်မြေက ဈေးငြိမ်နေပြီး စိန်ဘိလပ် မြေက ငါးရာကျပ်၊ နဂါးဘိလပ်မြေက နှစ်ရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေကစိန်(ယိုးဒယား)၇၄၀၀ကျပ်၊ နဂါးဘိလပ်မြေက ၅၅၀၀ကျပ်၊ခြင်္သေ့ဘိလပ်မြေ၅၀၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့အနောက်မြို့ပတ်လမ်းမှာရှိတဲ့ဘိလပ်မြေအရောင်းဆိုင်မှစုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာနယ်အဝယ်တွေရှိတာ ကြောင့်လည်းအဝယ်ကလိုက်တယ်။ မြင်းခေါင်းဘိလပ်မြေက သုံးရာကျပ် ဈေးမြင့် လာသလို ဆင်(ထိုင်း)တစ်ရာကျပ်နဲ့ စိန်(ထိုင်း) က ငါးဆယ်ကျပ်ဈေးမြင့်လာပြီး ကြံ့(မြိုင်ကလေး)ဘိလပ်မြေက ငါးဆယ်ကျပ်ဈေးကျလာတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၅၂၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင် ကလေး) ဘိလပ်မြေ ၄၄၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၇၅၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဘိလပ်မြေဈေးက ဒီတစ်ပတ် မှာ ဆင်(ထိုင်း) ဘိလပ်မြေဈေးအနည်းငယ်ကျပြီး ကျန်ဘိလပ်မြေမှာ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ မက်စ်(မြန်မာ)၄၇၀၀ ကျပ်၊ မြင်းခါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင်(မြန်မာ)၄၈၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း အရောင်း အဝယ်ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ကောင်းလာပြီး ဈေးကွက် ထဲဘိလပ်မြေအဝင်ရှိနေပေမဲ့လည်းဈေးက နည်းနည်းမြင့်လာပါတယ်။ဈေးမြင့်လာ တာကလည်း တစ်အိတ်ကို ငါးဆယ်မှ တစ်ရာကျပ်အတွင်းသာမြင့်လာပါတယ်။ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၅၇၀၀ ကျပ်၊စိန်(ထိုင်း) ၅၆၀၀ ကျပ်၊ ရန်ကို(အိန္ဒိယ) ၄၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ MIRT (DOT)