ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီနောက်ဆုံး သီတင်းပတ်အတွင်း ကန်ဒေါ်လာ ခုနှစ် သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ နို့ဆီ ၄၈၃ ဒသမ ၇၅၆ တန်ကိုတင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီ ၁၃၂ တန်၊ ဒွန်းနို့ဆီ ၂၅၂ ဒသမ ၅၄ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန် လေးရာနီးပါး ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ရှစ်ဆယ်ကျော်အဝင် ပိုခဲ့ပါတယ်။
နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ပြင်သစ်၊ မလေးရှားနဲ့ UAE နိုင်ငံတို့မှ စုစုပေါင်းတန်ချိန် ၁၃၃ ဒသမ ၆၉၇ တန်ဝင်လာခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဇန်နဝါရီလအတွင်း နို့ဆီအဝင်မှာ တန် ချိန် တစ်ထောင့်ငါးရာကျော်နဲ့ ယခင်လ အဝင်မှာ တန်ချိန် နှစ်ထောင့်ခုနှစ်ရာ ကျော်ရှိခဲ့တာကြောင့်ဒီလမှာတစ်ထောင့် နှစ်ရာကျော် အဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)