Main menu

Background

နှစ်ကူးကာလ တင်ပို့တဲ့ နှမ်း

Thu, 02/13/2014 - 05:15 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၇၈၃ တန်ကျော်ကို တရုတ်နှစ်ကူး ကာလမှာ တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် မှ နှမ်းဖြူနဲ့ နှမ်းနီ/ညို (အခွံချွတ်)တွေ တင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၇၁၃ တန်ခွဲသာ တင်ပို့နိုင်ခဲ့လို့ ယခု အပတ်နှမ်းတင်ပို့မှု တန်ချိန် ၁၀၇၀ ပိုမိုလာတာ တွေ့ရပါတယ်။

မူဆယ်ကုန် စည်ဒိုင်ရဲ့ ယခုအပတ်နှမ်းဖြူ/ နှမ်းနက် တစ်တန်ရဲ့ မိမိဖက်ပေါက်ဈေးကလည်း ၂၂၃၃၂၅၂ ကျပ်ဖြစ်တာမို့ ယခင် အပတ်ဈေး ၂၂၂၂၄၆၄ ကျပ်ထက် အနည်းငယ် မြင့်တက်သွားပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကြီး ကန်ကျေးရွာ မှ တောင်သူတစ်ဦးက "ဒီနှစ် စိုက်ပျိုးချိန်မှာ မိုးနောက်ကျလို့ သီးနှံတွေပျက်တာ ၄ ကြိမ်လောက်ရှိ တယ်၊ မြေပဲစိုက် တောင်သူတွေလည်း ပဲပေါ်ချိန်မှာ ပဲဈေးကျလို့ တော်တော် စိတ်ပျက်သွားပေမဲ့ နှမ်းဈေးတက်လို့ ခံသာသေးတယ်"လို့ပြောပါတယ်။စခန်း အလိုက် တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေက တော့ -တန်ချိန်-ကိန်းပြည့်နှမ်းအမျိုးအစား    မူဆယ်    ချင်းရွှေဟော်  နှမ်းဖြူ               ၃၄           ၂၇၁နှမ်းနက်               ၆၈           ၄၂၀နှမ်းညို               ၁၅၁          ၈၄၀ဖြစ်ပါတယ်။မော်မော်အောင် MIRT(DCCA)