Main menu

Background

ပြည်ပဲပုပ် ဈေးငြိမ်နေပြီး လက်လီသမားနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့

Thu, 02/13/2014 - 06:37 -- ydnar

ယခုတစ်ပတ် ပြည်ဆောင်းသီးနှံ ပဲ ဈေးကွက်ကို အခြားပဲများ ဝင် ရောက်မှု ပုံမှန်ရှိခဲ့သော်လည်း ပဲပုပ် သီးနှံမှာ တစ်ရက် ၁၀ အိတ်ကျော်သာ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်းဝယ်လက်သမားဖြစ်တဲ့ပဲပြား လုပ်ငန်းသမားများနဲ့သာအရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲဈေးနှုန်းမှာလည်း ယခင်နှစ်ထက် ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၈၀၀ ကျပ်နဲ့သာ အခြားပဲများနည်း တူ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေခဲ့ တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်