Main menu

Background

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ်ဆီထွက်သီးနှံဈေးကွက် မြေပဲလုံးဆန်ဈေးတက်

Thu, 02/13/2014 - 06:40 -- ydnar

မုံရွာ ကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ(လုံးဆန်)ဒိုင်အဝင်များပေမဲ့ ဝယ် လက် စုံလာလု့ိ ဈေးအနည်းငယ်တက် ကာအရောင်းအဝယ်လည်းအနည်းငယ် တက်လာတယ်လို့ ပွဲရုံရပ်ကွက်က သိရ ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲဆန်နီ တစ်ပိဿာ ၁၆၃၅ ကျပ်နဲ့ဈေးမာလာ သလို ဆီဆန်ကတော့ တစ်ပိဿာ ၁၄၇၀ ကျပ်မှာ ဈေးငြိမ်ခဲ့ပါတယ်။ ဆီ ဆန်အနေနဲ့ ဒိုင်မှာ ရောင်းလိုအားက များခဲ့ပြီး၊ ဆီစက်သမားအဝယ် ပုံမှန် သာ ရှိခဲ့လို့ တစ်ရက်ပိဿာ ၅၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါ တယ်။

မြေပဲလုံးဆန်ဈေးကွက်ကတော့ တရုတ် လက် ဝယ်စပြုလာလို့ ယခုတစ်ပတ်မှာ တစ်တင်း ၂၇၀၀၀ ကျပ်ထိ ဈေးမြင့် လာခဲ့ပြီး၊တစ်ရက်အိတ် ၂၀၀၀ အထက် အရောင်းအဝယ် သွက်လာတယ်လို့ ဒိုင် ရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် နှမ်းမျိုးစုံ ဈေးကွက် မှာတော့ တရုတ်လက် ဝယ်လိုအား ဆက်လက်ကောင်းမွန်နေပေမဲ့ ဒိုင်မှာ နှမ်းအဝင်သိသိသာသာ လျော့ကျသွား လို့ အရောင်းအဝယ် နှေးသွားတယ်လို့ သိရပါတယ်။ ပေါက်ဈေးအားဖြင့် နှမ်း ညိုမှာ တစ်တင်း ၄၃၅၀၀ ကျပ်ဈေးမှာ လည်းကောင်း၊ နှမ်းဖြူမှာ တစ်တင်း ၅၆၅၀၀ ကျပ်ဈေးမှာ လည်းကောင်း၊ အသီးသီးငြိမ်လျက်ရှိတာတွေ့ရပါတယ်။ ယခုတစ်ပတ်နှမ်းဆီ ဈေးကွက်မှာ လည်း ဆက်လက်ဈေးငြိမ်နေခဲ့ကာ ပဲဆီဟာ တစ်ပိဿာ ၂၈၅၀ ကျပ် နှမ်း ဆီတစ်ပိဿာ ၅၀၀၀ ကျပ်နဲ့ စားအုန်း ဆီတစ်ပိဿာ ၁၆၄၀ ကျပ်အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆုံဆီနဲ့ ဆီသန့် လိုင်းမှာတော့ မြေပဲဆီဟာ အရောအနှောနဲ့ ဆီသန့်မှုအပေါ် မူတည်ပြီး၊ တစ်ပိဿာ ၃၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ အစားစားပေါက်ဈေး ဖြစ်ပေါ်နေပြီး၊ နေကြာဆီကတော့ တစ်ပိဿာလက်လီ ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ခဲ့ကာ အဝယ်လိုက်လာတယ်လို့ ဆီဈေးကွက် က သိရပါတယ်။  ထွန်းလှိုင် - မုံရွာ