Main menu

Background

ရန်ကုန်ကားဈေးကွက် လှုပ်လှုပ်ရှားရှား ရှိနေ

Thu, 02/13/2014 - 07:06 -- ydnar

ယခုရက်သတ္တပတ်ဖေဖော်ဝါရီ လဆန်းပိုင်းအခြေအနေမှာ ရန်ကုန်မြို့ တွင်းရှိကားအရောင်းစင်တာများနှင့် ကားပွဲစားတန်းများတွင် အရောင်းအ ဝယ်ပြန်ဖြစ်လာပြီး ရန်ကုန်ကားဈေး ကွက်လှုပ်ရှားလာကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိကားပွဲစားတန်း များနှင့် ကားအရောင်းစင်တာများတွင် ပွိုင့်သရီးကားငယ်များနှင့်အတူ အင်ဂျင် ပါဝါကြီးဖိုးဝှီးလ်ကားများ ပြန်လည်အ ဝယ်ရှိလာကြောင်း သိရသည်။ ယခုတ လောနယ်စပ်ဝယ်လက်များပြန်ဆင်းလာ ပြီး ဟိုင်းလပ်ဆပ်(ဖ်)၊ ကလူဂါ၊ ပါဂျဲ ရိုးစသည့်ကားများ အထူးသဖြင့် ပါဂျဲရိုး (၉၇။၈၈) များအဝယ်ရှိ၊ အမေးရှိနေ ကြောင်း၊ ဈေးတန်းမှာ ယခင်ကနှင့်စာ လျှင်ကျပ်၅သိန်းမှ၁၀သိန်းထက်ပိုများလာ ကြောင်း၊စလစ်ဈေးတန်းမှာမူ]အ}အက္ခ ရာကားများအပ်နှံမှုနည်းပါးလာသဖြင့် ကျပ်၉၀သိန်းအထက်သို့တဖြည်းဖြည်း တက်လာပြီးယခုကျပ်၉၆ သိန်းဝန်းကျင် အရောင်းအဝယ်ဖြစ်ကြောင်း၊ ထပ်မံ ၍အပ်နှံလက်ခံမည့်ကားများ သတင်း ထုတ်ပြန်မှုမရှိသေး၍ စလစ် ဈေးတန်း မှာဆက်လက်မြင့်တက်လာနိုင်ကြောင်း မင်းရဲကျော်စွာဝိုင်းမှ ဝါရင့် ကားအကျိုး ဆောင်များမှ ပြောသည်။ အင်ဂျင်ပါဝါသေး ပွိုင့်သရီးကား များထဲတွင် အရောင်းရတွင်ကျယ် လူ ကြိုက်များသည်မှာ ဟွန်ဒါဖစ်၊ တိုယို တာဗင်၊ စူဇူကီး၊ ပရိုဘောက်၊ အေဒီဗင် တို့ပါဝင်လာပြီး ယခုနောက်ပိုင်းဆီစား သက်သာသည့်ကျပ်၉၀သိန်းကျော်ကား ငယ်များတက္ကစီလုပ်ကိုင်ရန် ပြန်အဝယ် ရှိနေကြောင်းသိရသည်။   ကားဈေးကွက်ထဲတွင် လတ်တ လောစလစ်ဈေး မြင့်တက်လာမှုနှင့် အတူ အပ်ကားလည်းရှားပါးလာသဖြင့် ယခုအခါကျပ်၉၀သိန်းကျော်ကျော်ဈေး ခေါ်လာကြပြီး ၁က^၂ကအက္ခရာများ ပင်ကျော်၈၀သိန်းဝန်းကျင်ဖြင့် ကားကောင်း လျှင်ကောင်းသလိုဈေးခေါ်လာကြောင်း ဝါရင့်ကားအကျိုးဆောင် ကိုကျော်မြင့်မှ ပြောသည်။ မြို့တွင်းပြေးဆွဲနေသည့် အငှား ယာဉ်များထဲတွင် ယခုအခါနယ်လိုင်စင် ကားများအချို့တွေ့လာရပြီး လက်ရှိရန် ကုန်တက္ကစီနှင့် ၁၀ သိန်း၊ ၁၅ သိန်းခန့် ကွာဟသဖြင့် ခေတ္တခဏပြေးဆွဲနေသူ များရှိကြောင်း၊ စီအန်ဂျီလိုင်စင်ယခင် တင်ထားသူများ အစီအစဉ်အလိုက် ပြန် လည်ချထားပေးနေသဖြင့် စီအန်ဂျီသုံး တက္ကစီဈေးများတန်းသွားသလို၊ အချို့ မှာပြည်ပမှအယ်ပီဂျီဓာတ်ငွေ့သုံးမူရင်း ကားမှာယူပြီး ရန်ကုန်မြို့တွင်း အယ်ပီဂျီ ရောင်းချပေးသော လိုင်စင်ရကုမ္ပဏီများ ရှိလာပြီဖြစ်၍ ပိုမိုဈေးသက်သာအသုံးခံ သောအယ်ပီဂျီသုံးကားအဖြစ် ပြေးဆွဲ လာသဖြင့်တက္ကစီဈေးကွက် ဈေးတန်း များကျဆင်းလာမှုကိုတွေ့မြင်ရကြောင်း ၎င်းမှ ပြောသည်။SN