Main menu

Background

ကျန်းမာရေးအကျိုးပြုကီဝီသီး

Thu, 02/13/2014 - 07:33 -- ydnar

တရုတ်နိုင်ငံမြောက်ပိုင်း မူရင်း သီးနှံဖြစ်တဲ့ ကီဝီသီးကို ၂၀ ရာစုနှစ် များဆီက နယူးဇီလန်နိုင်ငံကို ပထမဆုံး သယ်ဆောင်သွားပြီး စိုက်ပျိုးခဲ့ပါတယ်။ ကီဝီသီးကို တရုတ်ဘဲငန်းဘယ်ရီသီး (Chinese Gooseberry) လို့လည်း သိ ကြပါတယ်။ ကီဝီသီးများထွက်ရှိပြီး ပြည်ပသို့တင်ပို့ရမဲ့အချိန်ရောက်သောအခါ ပို့ကုန်ဂျူတီအများကြီး မပေးဆောင်ရ အောင် သစ်သီးရဲ့အမည်ကိုကီဝီသီးလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။ New Zeeland နိုင်ငံရဲ့သင်္ကေတ ကီဝီ ငှက်ကိုတင်စားပြီး ကီဝီသီးလို့ နာမည် ပေးခဲ့တာဖြစ်ပါတယ်။ ကီဝီငှက်ဟာ အရွယ်သေးပြီးအရောင်မှာအညိုရောင် ရှိပါတယ်။ခန္ဓာကိုယ်ကအမွှေးအတောင် ပွနေပါတယ်။ ဒါကြောင့်တရုတ်ဘဲငန်း ဘယ်ရီသီးလို သေးငယ်ပြီး အမွှေးလေး များဖုံးနေတဲ့အတွက် ကီဝီ လို့ အမည် ပေးလိုက်တာဖြစ်ပါတယ်။ ကီဝီသီးဟာ အရသာပြည့်ဝတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ကီဝီသီးဟာ အာဟာရဓာတ် မြင့်မားစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနိမ့်ပါတယ်။ ကီဝီသီး ကိုစားသုံးခြင်းဖြင့်သွေးတိုးရောဂါဖြစ်ပွား မှုကိုလျော့ကျစေပြီး နှလုံးရောဂါနဲ့ နှလုံးလေသင်တုန်းဖြတ်ခြင်းတို့ကို ကာ ကွယ်ပေးပါတယ်။ဒါ့အပြင်အသားအရေ အရောင်အဆင်းနဲ့အသားအရေများကောင်း မွန်စေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေး ရှုဒေါင့် ကကြည့်လျှင် အကျိုးပြုတဲ့ ကီဝီသီးကို မိမိတို့နေ့စဉ်စားသုံးတဲ့အစားအစာများ မှာ ထည့်သွင်းစားသုံးကြပါစို့လို့ အသိ ပေးတိုက်တွန်းလိုက်ရပါတယ်။CMK