Main menu

Background

ထုတ်လုပ်သူမှသည် စားသုံးသူထံသို့ အရောက်ပို့ပေးမည့် နိုင်ငံတကာ စံချိန်မီ ရွှေစင်ရွှေပြားများ အများအပြားပေါ်လာတော့မည်

Mon, 02/24/2014 - 10:37 -- ydnar

မြန်မာ့စီးပွားရေး ဦးမော့လာပြီ ဟု အများက သုံးသပ်ပြောဆိုနေကြချိန် တွင် အစုစပ်ကုမ္ပဏီများ ၊ အသင်းများ သည်မိုးဦးကျကာလမြေမှာပေါက်သော  မှိုများကဲ့သို့ ဟိုတစ်စ သည်တစ်စ ပေါ် ပေါက်လျက်ရှိပေပြီ။ ယင်းကဲ့သို့ မှိုလိုပေါများနေသော် ငြားလည်း ပြည်သူများလက်ဝယ်သို့ အရောက်ပို့ပေးနေသည့် အများပိုင် ကုမ္ပဏီများကား ပေါ်မလာသေးချေ။သို့သော် ဖေဖော်ဝါရီလ ၂ရက် နေ့တွင်မတော့ မြန်မာ့ရွှေဖွံံ့ဖြိုးတိုးတက် ရေးအများပိုင်ကုမ္ပဏီက ရွှေပြားများကို စတင်ထုတ်လုပ်ရောင်းချသည့်အခမ်း အနားကို ကျင်းပခဲ့သည်။

ထိုနေ့ကမြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ ရွှေပြားများ စတင် ထုတ်လုပ်ရောင်းချလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ မန် နေးဂျင်းဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြားသည်။မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေးအ များပိုင်ကုမ္ပဏီကို မြန်မာနိုင်ငံရွှေလုပ် ငန်းရှင်များအသင်းမှ အသင်းဒါရိုက် တာများဖြင့် မတည်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။စတင်ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ် ခွဲကျော်အကြာတွင် ယခုကဲ့သို့ ရွှေစင် ရွှေပြားများကို အများပြည်သူသို့ထုတ် လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းကဲ့သို့ရောင်းချရာတွင် ပြည် တွင်းရွှေကို ဂရမ်ပြားများပြုလုပ်၍ ရောင်းချခြင်းဖြစ်ပြီး အလေးချိန် ၂ ဒသမ ၅ ဂရမ်ရှိ ရွှေပြားနှင့် အလေး ချိန် ၅ဂရမ်ရှိရွှေပြားများကို စတင် ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိ ရသည်။"ကျွန်တော်တို့အခုရောင်းတဲ့ရွှေ က ၂ ဒသမ၅ဂရမ်နဲ့ ၅ဂရမ်ဆိုပြီး နှစ် မျိုးထုတ်ပါတယ်။ အဲဒီလိုမျိုးထုတ်တာ ကလည်း မြန်မာပြည်သူပြည်သားတွေ အားလုံး ဝယ်နိုင်အောင်လို့ ရည်မှန်း ချက်ထားပြီး ထုတ်တာပါ။ ကျွန်တော် တို့အစီအစဉ်ကEnd User တိုက်ရိုက်ရောင်းချတဲ့အစီအစဉ်ပါ"ဟု ဦးထုံရွှေဆိုင်မှ မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းအတွင်းရေးမှူး ဦးကျော် ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
မြန်မာပြည်ရဲ့ပထမဆုံး နိုင်ငံတကာအဆင့်မီရွှေအဆိုပါရွှေစင်ရွှေပြားများသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနိုင်ငံတကာ အဆင့်မီရွှေပြားများဖြစ်ကြောင်း သိရ သည်။ ယင်းရွှေပြားများသည် ရွှေပါဝင် မှုနှုန်းမှာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းပါ ဝင်ပြီး နိုင်ငံတကာဈေးကွက်တွင် ဝင် ဆံ့သည့်ရွှေအမျိုးအစားပင်ဖြစ်ကြောင်း သိရသည်။
အေအီးစီကိုမျှော်မှန်း ဂရမ်စနစ်ကိုလှမ်းယခုရောင်းချလိုက်သည့်ရွှေပြား များတွင် ဂရမ်စနစ်ကို သုံးထားကြောင်း သိရသည်။ မြန်မာရွှေရောင်းဝယ်မှုနယ် ပယ်တွင် ရှေးရိုးစဉ်လာအတိုင်း ရွေးကြီး၊ ရွေးလေး၊ ပဲ၊ ကျပ်သား စသည်ဖြင့် ရောင်းဝယ်လျက်ရှိရာ ယခုရောင်းချ လိုက်သည့်ရွှေပြားများတွင်ခေတ်ကာလ နှင့်လျော်ညီသည့် ဂရမ်စနစ်ကို စတင် ကျင့်သုံးလိုက်ပြီဖြစ်သည်။ ယင်းကဲ့သို့ ဂရမ်စနစ်ကို ကျင့်သုံးရခြင်းမှာ ၂၀၁၅ ခုနှစ်တွင်စတင်သက်ရောက်မည့် အာ ဆီယံစီးပွားရေးအသိုက်အဝန်းအဖြစ် ဖော်ဆောင်မည့်ကာလနှင့်ကိုက်ညှိ ခြင်းပင်ဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ အခုထုတ်လုပ် လိုက်တဲ့ရွှေပြားတွေဟာ နိုင်ငံတကာ အဆင့်မီတဲ့ ရွှေအရည်အသွေး ၉၉ ဒသမ ၉၉ ပါဝင်တဲ့ရွှေပြားတွေပါ။ နိုင်ငံ တကာမှာသုံးနေတဲ့စနစ်အတိုင်း ဂရမ် နဲ့ပဲသုံးပါတယ်""အဲဒီလိုဂရမ်စနစ်နဲ့သုံးရတာက လည်း နောင်တစ်ချိန်မှာဖြစ်လာမယ့် အေအီးစီမှာအဆင်သင့်ဖြစ်အောင်ဆို ပြီး အခုကတည်းက ဒါတွေကို အဆင် သင့်လုပ်ထားတာပါ"ဟု မြန်မာ့ရွှေဖွံဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီမှ မန် နေးဂျင်းဒါရိုက်တာ ဦးကျော်ဝင်းက ဆို သည်။
ပြည်ပကိုပါ သွားတော့မည်မြန်မာ့ရွှေများသည် ပြည်တွင်း တွင်သာ လှည့်ပတ်ရစ်ခွေစီးဆင်းနေ သည်ဟု ထင်ရသော်လည်း ပြည်ပ (တရုတ်)နိုင်ငံသို့ တရားမဝင်သောနည်း လမ်းဖြင့် စီးဆင်းလျက်ရှိရာ နိုင်ငံတော် မှ ရသင့်သည့်အခွန်များ မရရှိသဖြင့် များစွာနစ်နာလျက်ရှိနေသည်မှာ အား လုံအသိပင်ဖြစ်သည်။ယခုကဲ့သို့ သန့်စင်ပြီးသားရွှေ ၉၉ ဒသမ ၉၉ရာခိုင်နှုန်းရှိသည့်ရွှေများကို ရောင်းချပေးခြင်းဖြင့် ပြည်တွင်းရောင်း  သည်သာမက ပြည်ပသို့ တင်ပို့ခွင့်များ ရရှိပါကလည်း ပိုမိုအဆင်ပြေစေနိုင် ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။"ကျွန်တော်တို့ အခုရောင်းနေ တာက ပြည်တွင်းကိုပဲရောင်းတာပါ။ ဒါပေမယ့်နောင်တစ်ချိန် ပြည်ပကို သွား လို့ရအောင်ဆိုပြီးတော့ Sovnier သဘောမျိုးထုတ်ထားတာပါ။ အကယ် ၍ ဥပဒေထွက်ရှိလာမယ်ဆိုရင်တော့  ဒီ Sovnier  အဖြစ်နဲ့ပြည်ပကို ပို့လို့ရ မှာပါ"ဟု ပြောကြားသည်။
ရောင်းချသည့်ပုံစံယခုရောင်းချသည့်ရွြှေုပားနှစ်မျိုး နှစ်စားရှိရာ ၂ ဒသမ ၅ဂရမ်နှင့် ၅ဂရမ် တို့ဖြစ်ကြောင်း၊ ရွှေအရည်အသွေးမှာ ၉၉ ဒသမ ၉၉ရာခိုင်နှုန်းရှိသော်လည်း မြန်မာနိုင်ငံ၏ရွှေလက်ရှိပေါက်ဈေး အတိုင်းရောင်းချခြင်းဖြစ်ကြောင်း သိရ သည်။အဆိုပါရွှေပြားများထုတ်လုပ်ရာ တွင်Value Added  ဖြစ်သည့်အတွက်  Mould လုပ်ရခြင်း၊ ထုပ်ပိုးမှုများပြုလုပ် ရခြင်း စသည့်ကုန်ကျစရိတ်များရှိရာ ယင်းစရိတ်ကို ကာလပေါက်ဈေးပေါ် တွင် ထပ်ပေါင်းထည့်၍ တွက်ချက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ Value Added ကြေးမှာ လက်ကားဝယ်ယူပါ က  ၃၇၅၀ ကျပ်ရှိပြီး လက်လီရောင်း ဆိုင်များတွင် ကျပ် ၅၀၀၀ အထိရှိနိုင် ကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် လက်လီရောင်းချခြင်းမပြုဘဲ လက်ကား သာရောင်းချခြင်းပြုမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ ရွှေစင်ရွှေပြားများကို ရောင်းချခြင်းကြောင့် ဒုံးရောင်းသည့် စနစ်မှာမူပျောက်သွားမည်မဟုတ်ဘဲ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။ကုမ္ပဏီအနေဖြင့် ပြည်သူများကို အဓိကထား၍ ရောင်းချခြင်းဖြစ်ပြီး ရွှေ ဝယ်ရောင်းလုပ်သူများကို အဓိကမထား ကြောင်း၊ End User များဖြစ်သည့် ပြည်သူများကိုသာ ရောင်းချမည်ဖြစ် ကြောင်း  သိရသည်။ထို့ပြင်ယခုလောလောဆယ်တွင် ၂ ဒသမ ၅ဂရမ်နှင့် ၅ဂရမ်ပြားများကို သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး ယင်း အောက်နိမ့်သည့်ရွှေပြားများကို ထုတ် လုပ်ခြင်းပြုမည်မဟုတ်ကြောင်း၊ ၁၀ ဂရမ်နှင့်အထက်အပြားများကိုသာ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ထုတ်လုပ်ရောင်းချရာ တွင် ရောင်းချမည်ဟု စတင်ကြေညာ သည့်နေမှာပင် ရွှေပြား ၆၀၀ ကိုရောင်း ချခဲ့ရကြောင်း ဦးကျော်ဝင်းက ရှင်းပြ ခဲ့သည်။ မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေးအများ ပိုင်ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ရွှေပြား များကို အများပြည်သူသို့ ဆက်လက် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိ ရသည်။(ရွှေတစ်ကျပ်သားလျှင် ၁၆ဒသမ ၆၀၆ ဂရမ်ရှိပြီး လက်ရှိရွှေတစ်ကျပ်သား ဈေးနှုန်းကို ၁၆ ဒသမ ၆ ဂရမ်ဖြင့် စား ပါက တစ်ဂရမ်ဈေးနှုန်းကိုရမည်ဖြစ် သည်။ ယင်းတစ်ဂရမ်ဈေးနှုန်းကို ရွှေ ပြားအလေးချိန် ၂ ဒသမ ၅ဂရမ် (သို့ မဟုတ်) ၅ဂရမ်ဖြင့်မြှောက်ပြီး ကျပ် ၅၀၀၀ ပေါင်းပါက မိမိဝယ်ယူလိုသည့် ရွှေတန်ဖိုးကို ရရှိမည်ဖြစ်သည်။ မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ဂရမ် သတ်မှတ်ထားသည်။)
 
မယ်သီတာ