Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 02/24/2014 - 10:52 -- ydnar

ငွေကြေး ဈေးကွက်တွေက ဂျပန် ဗဟိုဘဏ်ရဲ့ အစည်းအဝေးမှတ်တမ်း၊ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ယူ ရိုဇုန်တို့ရဲ့ ဝယ်ယူသူမန်နေဂျာများရဲ့ အ ညွှန်းကိန်းစတာတွေကို လေ့လာ ဆန်း စစ်လျက်ရှိနေပါတယ်။ဒီအချိန်မှာ ထွက်ရှိလာတဲ့ စီးပွားရေးကိန်းဂဏန်း တွေကအလားအလာမှေးမှိန်နေပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးနှေးကွေး ကျဆင်းမဲ့လက္ခဏာတွေနဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ ဘွန်းစာချုပ်ဝယ်ယူမှုလျှော့ ချရေးအတွက် စီစဉ်ဆောင်ရွက်မှုတွေ ကထွန်းသစ်စစီးပွားရေးတွေအပေါ် ဖိစီးမှုစတဲ့အခြေအနေတွေကြောင့် အာရှငွေကြေးတွေက ခြောက်လ အ တွင်း အဆိုးဆုံး ရက်သတ္တပတ်ဖြစ်ဖို့ဦး တည်နေပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကထုတ်ပြန် တဲ့ ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်း အရ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွား ရေးအလားအလာထိုက်သင့်သလောက် ပြောင်းလဲမလာရင် ဘွန်းစာချုပ်တွေ ဝယ်ယူတာကို လျှော့ချမဲ့အခြေအနေရှိ ပါတယ်။ အမေရိကန်ဗဟိုဘဏ် က ဘွန်းစာချုပ် ဝယ်ယူမှု လျှော့ချတာ ယခုနှစ်အတွင်း ဒေါ်လာဘီလီယံ ၂၀ ရှိပြီး ဒေါ်လာ ၆၅ ဘီလီယံဖိုးသာဝယ် ယူပါတော့တယ်။ ၂၀၁၄ ခုနှစ် ရက် သတ္တ ပထမ ခြောက်ပတ်အတွင်း ထွန်း သစ်စ ဈေးကွက်တွေကပြန်လည်ထုတ် ယူသွားတဲ့ ငွေကြေးတန်ဖိုးက ဒေါ်လာ ၂၁ ဘီလီယံရှိပါတယ်။
 
တရုတ်ယွမ် တရုတ် ဗဟိုဘဏ်မှ ငွေကြေးတန် ဖိုးမြင့်တက်မှုအေးသွားစေဖို့နဲ့ နိုင်ငံခြား ကငွေကြေးတွေ အဆမတန်စီးဝင်တာ ကို လျှော့ချဖို့အတွက် ဆောင်ရွက်လိမ့် မယ်လို့ ခန့်မှန်းကြတဲ့အတွက် ယွမ်ငွေ ကြေးတန်ဖိုးက ခြောက်ရက်မြောက်နေ့ အဖြစ်ကျဆင်းခဲ့ပါတယ်။ ဒီကျဆင်းမှု က ခြောက်နှစ်အတွင်း အများဆုံးဖြစ် တဲ့ကျဆင်းမှုဖြစ်ပါတယ်။ ယခု ရက်သတ္တပတ် အတွင်းမှာ ယွမ်ငွေကြေးရဲ့ တန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာနဲ့ ဖ လှယ်ရာမှာ ၆ ဒသမ ၀၈၉၀ ယွမ်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မှုများ လွန်းတဲ့ တရုတ်နိုင်ငံမှာ ဒီပြောင်းလဲမှု မျိုးက ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပါ တယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေက အမေရိ ကန်ဒေါ်လာကို တိုးမြှင့်ရောင်းချလာတဲ့ အတွက် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်ရေး ဈေးကွက်မှာ ဖေဖော်ဝါရီ ၂၁ ရက်က ရူပီး ငွေကြေး တန်ဖိုးက သုည ဒသမ ၀၉ ရူပီးမြင့်တက်ပြီး တစ် ဒေါ်လာကို ၆၂ ဒသမ ၁၄ ရူပီးနှုန်းကျ ဆင်းခဲ့ပါတယ်။ သွင်းကုန် လုပ်ငန်းရှင် တွေရဲ့ ညနေပိုင်းဒေါ်လာဝယ်လိုအားနဲ့ ပြည်တွင်းရှယ်ယာဈေးတွေကျဆင်းတာ ကြောင့် ဖေဖော်ဝါရီ ၂၀ ရက်မှာ ရူပီး တန်ဖိုးက တစ်ဒေါ်လာကို သုည ဒသမ ၀၃ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆၂ ဒသမ ၂၃ ရူပီးနှုန်း ရှိခဲ့ပါတယ်။ဂျပန်ယန်း ယူရိူဇုန်ရဲ့ စီးပွားရေးလုပ်ငန်းစွမ်း ဆောင်မှုတွေ အနည်းငယ်အားနည်း ကျဆင်းတာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်မှာ ယူရိုနဲ့ ဖလှယ်တဲ့အခါ အမေရိ ကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက ဖေ ဖော်ဝါရီ ၁၉ ရက်ညနေပိုင်းမှာ တစ်ယူ ရိုကို ၁ ဒသမ ၃၇၃၃ ဒေါ်လာနှုန်းရှိရာ မှ ၂၀ ရက်နေ့ဂရင်းနစ်စံတော်ချိန် ၂၃ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၇၁၈ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယန်းငွေက ဒေါ်လာနဲ့ ဖလှယ်ရာ မှ တစ်ဒေါ်လာကို ၁၀၂ ဒသမ ၃၂ ယန်းအတိုင်းမပြောင်းမလဲရှိနေပြီး ယူရို နဲ့ဖလှယ်ရာမှာ ၁၄၀ ဒသမ ၅၀ ယန်းမှ ၁၄၀ ဒသမ ၃၇ ယန်းသို့ပြောင်းလဲခဲ့ပါ တယ်။
မလေးရှားရင်းဂစ် ပြည်တွင်း ငွေကြေးအတွက် ဝယ် လိုအားထပ်မံမြင့်တက်လာတဲ့အတွက် ရင်းဂစ်ငွေကြေးတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့လည်းကောင်း၊ တခြား ငွေ ကြေးများနဲ့လည်းကောင်း ဖလှယ်ရာမှာ  မြင့်တက်လာခဲ့ကြောင်း ဝယ်ရောင်း သမားတစ်ဦးက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဖေဖော်ဝါရီ ၂၀ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၃၀၆၀ ရင်းဂစ်နှုန်းမှ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီမှာ ၃ ဒသမ ၃၀၀၀ ရင်းဂစ်နှုန်းသို့ ပြောင်းလဲခဲ့ပါတယ်။ ရင်း ဂစ်တန်ဖိုးက စင်ကာပူဒေါ်လာ၊ ဂျပန် ယန်းနဲ့ ဖလှယ်ရာတွင်လည်းကောင်း ဗြိတိသျှ ပေါင်နဲ့ ဖလှယ်ရာတွင်လည်း ကောင်း တန်ဖိုးမြင့်တက်ခဲ့ပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန်ဗဟိုဘဏ်က ဘွန်းစာ ချုပ်ဝယ်ယူမှုကို ထပ်မံဆောင်ရွက်တော့ မဲ့အလားအလာကို အမေရိကန်ဗဟို ဘဏ်အစည်းအဝေးမှတ်တမ်းများအရ သိရတဲ့အတွက် တောင်ကိုရီးယားဝမ်ရဲ့ တန်ဖိုးက ဖေဖော်ဝါရီ ၁၉ ရက်နေ့မ နက်ပိုင်းက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ဝမ်တန်ဖိုးက တောင် ကိုရီးယားရဲ့ အကြီးဆုံးပို့ကုန် နိုင်ငံ ဖြစ်တဲ့ တရုတ် ကုန်ထုတ်လုပ်မှု ကျ ဆင်းခဲ့တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၂ နာရီ ၁၆ မိနစ်မှာ ဝမ်တန်ဖိုးက ဆိုးလ် မြို့မှာသုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၁၀၇၃ ဝမ် နှုန်း ရှိခဲ့ရာ တစ်လအတွင်းကျဆင်းမှု အများဆုံး ဖြစ်ခဲ့ပါတယ်။
ထိုင်းဘတ် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု တွေက ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့အတွက် ထိုင်းဘတ်ငွေတန်ဖိုးက ငါးရက်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ အမေ ရိကန် ဗဟိုဘဏ်က ငွေကြေး လှုံ့ဆော် အားပေးမှုကို ထပ်မံလျှော့ချမဲ့ အလား အလာကို ပြသနေတဲ့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေဘက်ကို ငွေကြေးစီးဝင်မှုတွေ နည်းသွားနိုင်ပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုးက ဘန် ကောက်မြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက် က သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း ပြီး တစ်ဒေါ်လာကို ၃၂ ဒသမ ၅၄ ဘတ်နှုန်းရှိခဲ့ပါတယ်။