Main menu

Background

အလျော့ကျဆုံးသောငွေကြေးမူဝါဒကို ဂျပန်ဗဟိုဘဏ်က ဆက်လက်ထိန်းသိမ်း

Mon, 02/24/2014 - 11:06 -- ydnar

ငွေချေးယူတာကိုအားပေးဖို့ အ တွက် ချေးငွေထောက်ပံ့မှုတွေကို ဆက် လက်တိုးမြှင့်ဆောင်ရွက်ရင်း အလျော့ ကျဆုံးလျှော့ချပေးထားတဲ့ ငွေကြေးမူ ဝါဒ  (Ultra-loose Monetary Policy)   ကိုမပြောင်းမလဲဘဲဆက်လက် ထိန်းထားဖို့ ဂျပန်ဗဟိုဘဏ်က ဖေဖော် ဝါရီ၁၈ ရက်ကဆုံးဖြတ်ခဲ့ကြောင်း ရှင် ဝှာသတင်းဝက်ဘ်ဆိုက်မှာဖော်ပြထား ပါတယ်။

ဂျပန်စီးပွားရေးက ငြင်သာတဲ့နှုန်း နဲ့ ဆက်လက်ပြီးနာလန်ထူနေကြောင်း နှစ်ရက်ကြာမူဝါဒအစည်းအဝေးအပြီး ဂျပန်ဗဟိုဘဏ်ကပြောကြားပါတယ်။ စီးပွားရေးနာလန်ထူမှုကိုလှုံ့ဆော်အား ပေးဖို့အတွက် ၂၀၁၃ ခုနှစ်၊ ဧပြီကစ တင်ကျင့်သုံးခဲ့တဲ့ အလျော့ကျဆုံးလျှော့ ချပေးထားတဲ့ငွေကြေးမူဝါဒကိုဆက် လက်ထိန်းထားဖို့ အဖွဲ့ဝင်ကိုးဦးပါတဲ့ မူဝါဒဘုတ်အဖွဲ့က တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဗဟိုဘဏ်ကဆောင်ရွက်နေတဲ့ အထူးချေးငွေထောက်ပံ့မှုရန်ပုံငွေကို ထုတ်ချေးတာကို အားပေးဖို့ဆုံးဖြတ်ခဲ့ ပါတယ်။ ဘဏ်အတွက် အမြင့်ဆုံးလျာ ထားငွေကိုလည်း ယန်း ၃ ဒသမ ၅ ထရီလီ ယံ (ဒေါ်လာ ၃၄ ဒသမ ၂ ဘီလီယံ) ကနေ ယန်း ၇ ထရီလီယံ (ဒေါ်လာ ၆၈ ဒသမ ၄ ဘီလီယံ)အထိ ထားရှိဖို့ လည်းဆုံးဖြတ်ခဲ့ပါတယ်။ မတ်လမှာသက်တမ်းကုန်ဆုံးမဲ့ ချေးငွေထောက်ပံ့မှု အစီအစဉ်အရ ဖွံ့ဖြိုးမှုအလားအလာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ငွေထုတ်ချေးတဲ့ ကူး သန်း ရောင်းဝယ်ရေးဘဏ်တွေကို နှစ် စဉ်အတိုးနှုန်း သုည ဒသမ ၁ ရာခိုင် နှုန်းနဲ့ ဂျပန်ဗဟိုဘဏ်က ထောက်ပံ့ ပေးနေပါတယ်။ဉာဏ်တင်