Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေး သတင်းတိုများ

Mon, 02/24/2014 - 11:09 -- ydnar

ဟနွိုင်း ဗီယက်နမ်နိုင်ငံက တစ်ပတ်ရစ် ဟန်းဖုန်း၊ လက်ပ်တော့၊ နုတ်ဘုတ်နဲ့ မီနီ နုတ်ဘုတ်တွေ တင်သွင်းတာကို ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ပိတ် ပင်ခဲ့တယ်လို့ ရှင်ဝှာသတင်းမှာ ဖော် ပြထားပါတယ်။ ကင်မရာ၊နာရီအမျိုး မျိုးနဲ့အာထရာဆောင်းအပါအဝင်ဆေး ဘက်ဆိုင်ရာတစ်ပတ်ရစ် ပစ္စည်းတင် သွင်းတာကိုလည်းပိတ်ပင်ထားပါတယ်။

ဆစ်ဒနီ အဓိက ကျတဲ့ ဖွဲ့စည်းတည် ဆောက်မှုဆိုင်ရာပြုပြင်ပြောင်းလဲမှု တွေ ကြီးကြီးမားမား ဆောင်ရွက်မှု မရှိရင် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကျဆင်း နေမဲ့ အခြေအနေအသစ်တွေ တိုးချဲ့ ဖြစ်တဲ့ ကာလတစ်ခုကို တွန်းပို့ သလို ဖြစ်လာနိုင်ကြောင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က ဖေ ဖော်ဝါရီ၂၁ရက်ကသတိပေးကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။ဆစ်ဒနီ နိုင်ငံစုံ စီးပွားရေး လုပ်ငန်းကြီး များက အသုံးပြုနေတဲ့ ယိုပေါက်တွေ ကို ပိတ်ပင်နိုင်ဖို့အတွက် ကမ္ဘာ့စီးပွား ရေးကြီးတွေက နည်းလမ်းတွေ ရှာဖွေ နေချိန်မှာ အခွန်ကောက်ခံမှု ပြုပြင် ပြောင်းလဲမှုကို ဂျီ-၂၀ နိုင်ငံများရဲ့ အရေးအကြီးဆုံး အစီအစဉ်အဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက် ကော့လူးက ဆစ်ဒနီမြို့မှာ ဖေဖော် ဝါရီ ၂၁ ရက်ကပြောပါတယ်။ဆိုးလ် အလုပ်အကိုင်တွေပိုမိုရရှိစေမဲ့ အခြေအနေကို ဖန်တီးပေးနေတဲ့ အလုပ်သမားဈေးကွက် ကောင်းမွန် လာတဲ့အတွက် ၂၀၁၃ ခုနှစ် မှာ တောင်ကိုရီးယားအိမ်ထောင်စုတွေ ရဲ့အိမ်ထောင်စုဝင်ငွေကနှစ်အလိုက် တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရှိခဲ့ ကြောင်းကိုရီးယားစာရင်းရုံးရဲ့ အစီ ရင်ခံစာအရ ဖေဖော်ဝါရီ ၂၁ ရက်က သိခဲ့ကြောင်း တောင်ကိုရီးယား ယွန်း ဟပ်ဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြ ပါတယ်။စင်ကာပူ စင်ကာပူရဲ့ ပြည်တွင်းဈေးကွက် မှာ စီးပွားရေးပြန်လည်တည်ဆောက် မှုတွေအတွက် တွန်းအားပေး ဆောင် ရွက်နေချိန်မှာ စင်ကာပူ ကုန်သွယ်မှု မြှင့်တင်ရေး အေဂျင်စီဖြစ်တဲ့  "အင် တာနေရှင်နယ်အင်တာပရိုက်(အိုင်အီး) စင်ကာပူ"က စင်ကာပူပြည်တွင်း ကုမ္ပဏီတွေကို အကူအညီပေးဖို့ စီ စဉ်ခဲ့ပါတယ်။ ယခင်နှစ်ကလည်း ကုမ္ပဏီ၂၆၀၀၀ ကျော်ကိုအကူအညီ ပေးခဲ့ကြောင်းတူဒေးအွန်လိုင်းသတင်း မှာ ဖော်ပြပါတယ်။ဉာဏ်တင်