Main menu

Background

မူဆယ်မှာ တိတ်တဆိတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကွက်ဝင် ပို့ကုန်အမယ်သစ် ပေသီး

Mon, 02/24/2014 - 12:22 -- ydnar

၂၁ ရာစုရဲ့ မြင့်မားလှတဲ့ ယှဉ်ပြိုင် မှုများကြားမှာ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင် နေပြီး၊ သူ့ထက်ငါအပြိုင် ကြိုးစား အားထုတ်မှု၊ ကွက်ကျော်မြင်မှုများနဲ့ အတူစီးပွားရေးသမားပီသစွာ ဈေးကွက် ထဲမှာလည်း အကွက်မြင်တဲ့ ကုန်သည် များမှ တစ်ဖက်နိုင်ငံမှ ဝယ်ယူချင်တဲ့ ကုန်ပစ္စည်းကို နည်းလမ်းမျိုးစုံနဲ့ တိုက် ရိုက် တင်ပို့ပေးနေပါတယ်။

လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို တင်ပို့ နေတဲ့ ပို့ကုန်ပစ္စည်းများမှာ မြန်မာနိုင်ငံ အတွင်းရှိ ဈေးကွက်ထဲမှာ သိသာထင် ရှားစွာ ပေါ်လွင်ခြင်းမရှိဘဲ၊ တိုးတိုး တိတ်တိတ်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ကုန်ပစ္စည်းများမှာ ပေသီးပါဝင်နေ ပါတယ်။ ပေသီးကို မြေပြင် ဈေးကွက် ထဲမှာအရောင်းအဝယ်ကောင်းနေတာ ကို လူတိုင်းလူတိုင်း သိရှိနားလည်တာ မဟုတ်ဘဲ သိနားလည်တဲ့ ကုန်သည် အချို့က မြန်မာနိုင်ငံ အလယ်ပိုင်းမှ တဆင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်အထိမော်တော်ယာဉ်များနဲ့တင်ပို့ လာခဲ့ပြီး၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ တစ်ဖက်နိုင်ငံရွှေလီကို နည်း လမ်းအသွယ်သွယ်နဲ့တင်ပို့နေကြတယ်။ ပေသီး ၁ kg ကို ပျမ်းမျှ ၂၅ ယွမ် မှ ၃၀ ယွမ်၊ မြန်မာငွေ ၄၀၂၀ ကျပ်မှ ၄၈၂၃ ကျပ်အထိ အရည်အသွေး ကောင်းရင်ကောင်းသလို ဈေးကောင်းရ ရှိပြီး၊ တရုတ်နိုင်ငံမှ ကုန်သည်အချို့က ဈေးကွက်လိုအပ်ချက်ကောင်းလို့ ဈေး ကောင်း ပေးဝယ်နေတဲ့အတွက် ဈေး ကွက်ထဲမှာအရောင်းအဝယ်သွက်နေပြီး၊ တင်ပို့မှုပမာဏမှာလည်း တစ်လထက် တစ်လမြှင့်တက်လာနေပါတယ်။ သို့ဖြစ် ရာ အခြားပြည်ပပို့ကုန်ပစ္စည်းများ ကဲ့ သို့ပင် နိုင်ငံခြားဝင်ငွေရရှိတဲ့ ဈေးကွက် ဝင် ပို့ကုန်အမယ်သစ်  "ပေသီး " ကို မိမိတို့ရဲ့ နိုင်ငံတော်အစိုးရမှ ထိုက်သင့် တဲ့ အခွန်အခများ ရရှိစေဖို့ အလို့ငှာ ဖော်ပြလိုက်ရပါကြောင်း........။ခွန်မင်းသန့် - TPD မူဆယ်