Main menu

Background

ဈေးအနည်းငယ်အေးသွားပေမဲ့ ပြည်တွင်းရော တရုတ်ဝယ်လက်ပါ ပုံမှန်အဆွဲရှိနေတဲ့ မန်းသကြား

Mon, 02/24/2014 - 12:27 -- ydnar

မန္တလေးမြို့ သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ နေ့စဉ် (ဥပုသ်နေ့မှအပ) အနယ်နယ် အရပ်ရပ်မှသကြား၊ သကာရည်လုပ်ငန်း ရှင်များအရောင်းအဝယ်ပြု လုပ်လျက်ရှိ ပါတယ်။ ဒီဇင်ဘာလလယ်မှ စတင်ပြီး သကာရည်အသစ်များ ဝင်ရောက်လျက် ရှိပါတယ်။ယခု ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ မှာ သကာပွက်ရည်တစ်ပိဿာ ၅၅၀ ကျပ်မှ ၅၆၅ ကျပ်ထိ ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး သကြား အေ ၉၅၀ ကျပ်၊ ဘီ ၉၄၀ ကျပ်၊ စီ ၉၃၀ ကျပ်ဈေးဖြင့် နေ့စဉ် ပိဿာ ၃၀ ဝင်အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ယခု ဖေဖော်ဝါရီ တတိယ အပတ်မှာ သကာပွက်ရည်တစ်ပိဿာ ၅၃၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး သကြား အေ ၈၆၀ကျပ်၊ ဘီ ၈၅၀ကျပ်၊ စီ ၈၄၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ လို့ ယခင်လဈေးအောက် တစ်ပိဿာ ၁၀၀ ကျပ် ဈေးအေးသွားကြောင်း၊ ဈေးအေးသော်လည်း နေ့စဉ်ပုံမှန် ၃၀ ပိဿာဝင်အိတ် ၄၀၀၀ ကျော် ၅၀၀၀ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ သကြားဈေးနှုန်း အတက်အကျက သကာပွက်ရည်ဈေးနှုန်းအပေါ်မှာ များ စွာမူတည်ပါတယ်။ သကာပွက်ရည် ဈေးအေးရင် သကြားဈေးအေးသလို၊ သကာပွက်ရည်ဈေးမာရင်သကြားလည်း ဈေးမာကြောင်း၊ အချိုရည်လုပ်ငန်း၊ မုန့် လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီ ချက်လုပ်ငန်းများမှပုံမှန်ရှိသလိုတရုတ်သို့ လည်းတင်ပို့ရကြောင်း၊ ခန့်မှန်းခြေအား ဖြင့် မန္တလေးမှမူဆယ်ကို တစ်ရက် သကြား ၁၈ တန်ကျော်၊ တန် ၂၀ နီးပါး တင်ပို့လျက်ရှိကြောင်း၊ သကြား၊ သကာရည်လုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။စိုးအောင်-မန္တလေး