Main menu

Background

ကားလေးများသာမက အင်ဂျင်ပါဝါမြင့်ကားလတ်များပါအဝယ်ရှိလာ

Mon, 02/24/2014 - 13:02 -- ydnar

ဖေဖော်ဝါရီလနှောင်းပိုင်း ရန်ကုန်    မြို့ကားဈေးကွက်၏အခြေအနေမှာ ကားအရောင်းအဝယ်အသင့်အတင့် ကောင်းလာသလို ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်းများတဖြည်းဖြည်းမြင့်လာ ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်းရှိကားပွဲစားတန်း များနှင့်တရားဝင်ဖွင့်လှစ်ထားသော ကားအရောင်းစင်တာများတွင်ပါ ကား လေးသာမကအင်ဂျင်ပါဝါမြင့်ကား (ဖိုးဝှီးလ်ကား) များပါရောင်းချလာရ ကြောင်း မော်ဒယ်(လ်) နိမ့်သော်လည်း အင်ဂျင်ပါဝါမြင့်သည့် ဖိုးဝှီးလ်ကားများ အဝယ်ပြန်ရှိလာသဖြင့် ယာဉ်ဟောင်း အပ်နှံဈေးစလစ်ဈေးတန်းများမှာ လဆန်းပိုင်းခန့်တွင် ဖြစ်ပေါ်ခဲ့သောဈေး ထက်၅သိန်းမှ၇သိန်းခန့်ပိုမြင့်တက်လာပြီး ယခုအခါအမည်ပေါက်စလစ်တစ်စောင် လျှင် ၁၀၈ သိန်းမှ ၁၈၂ သိန်းခန့် ဖြစ် ပေါ် နေကြောင်း မင်းရဲကျော်စွာဝိုင်းမှ အကျိုးဆောင်ကိုမြင့်ကျော်မှပြောသည်။ စလစ်များတဖြည်းဖြည်းဈေး ပြန်မာလာရခြင်းမှာ လက်ရှိအပ်နှံနေ သောနောက်ဆုံးအက္ခရာအပ်ကားများ နည်းပါးသွားခြင်းကြောင့်လည်းဖြစ်သလို နောင်လာမည့်အပ်နှံအက္ခရာယခင်အတိုင်း အစီအစဉ်အလိုက်လက်ခံသွားမည် (သို့ မဟုတ်) မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သက်တမ်းအလိုက်လက်ခံသွားမည် ဟုတ်/မဟုတ်စောင့်ကြည့်နေကြပြီး အက္ခရာအစဉ်အလိုက်၊ ယာဉ်မှတ်ပုံ တင်သက်တမ်းအလိုက်ဆိုပါက အက္ခ ရာ '၁က' '၂က'များ၊စဉ်လိုက်လက်ခံလာ နိုင်သဖြင့်၎င်းကားလည်းပြန်ပြီးဈေးမာ လာကြောင်း၊ ၂က၊ ၃က အက္ခရာများ မှာ'၇၀သိန်း' ကျော်ဖြစ်လာပြီး ၁က အက္ခရာများမှာ '၈၀သိန်း' အထက်ပင် ပြန်ရောက်လာကြောင်း၊ သက်ဆိုင်ရာ မှညွှန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန် ပေးမှသာယာဉ်ဟောင်းအပ်နှံစလစ်ဈေး နှုန်းများပြန်လည်ဈေးဆင်းလာနိုင်ကြောင်း အကျိုးဆောင်များမှသုံးသပ်ကြသည်။ လတ်တလောဖိုးဝှီးလ်ကား လိုအပ် သူများမှာလည်းနောက်ဆုံးထွက်အက္ခရာ  စီးနင်းသူများနှင့် ပြည်တွင်းရောက်ပြီး တစ်ပတ်ရစ်အက္ခရာ၂တန်း၊ ၃ တန်းအ ကွာကားများစီးနင်းသူများဟူ၍ရှိနေပြီး ကိုယ်တိုင်စလစ်ကပ်တင်သွင်းသူများသာ  ပထမအမျိုးအစားတွင်ပါဝင်ပြီးအက္ခရာ တန်းအလိုက်ဈေးတန်းကွာခြားသော်လည်း ရွေးချယ်မှုကောင်းပါကကားကောင်းများ ရတတ်သဖြင့်အက္ခရာတန်းအနိမ့်စီးသူများ ပါယခင်ကထက်စာလျှင်ပိုမိုများပြားလာ ပြီးဈေးအကွာဖြင့် ဝယ်ယူစီးနင်းကြ ကြောင်း၊နံပါတ်ဟောင်းဖိုးဝှီးလ်ဝက်ဂွန် ကားများလည်းပြန်လည်အရောင်းသွက် လာကြောင်း၎င်းင်းတို့မှပြောသည်။ အငှားယာဉ် တက္ကစီဈေးကွက် မှာမူတက္ကစီစလစ်များဈေး မတက်သော် လည်း အရောင်းအဝယ်မကောင်းလှဘဲ နယ်လိုင်စင်ဝယ်ထားသူများ ရန်ကုန် ဧရိယာတွင်ပြေးဆွဲခြင်းကန့်သတ်မည်ဆို သောသတင်းများ၊အက္ခရာအနက်မှအနီ ပြောင်းတက္ကစီများလည်းကန့်သတ်ချက် များထွက်ပေါ်မည်ဟုအကြားသတင်းများ ထွက်ပေါ်နေသဖြင့်ဈေးတန်းအေးနေခြင်း ဖြစ်ကြောင်း ဝါရင့်အကျိုးဆောင် ကို မြင့်ကျော်မှပြောသည်။            SN