Main menu

Background

မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက် နေကြာဆီဈေးကွက်အလားအလာ

Mon, 02/24/2014 - 13:46 -- ydnar

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ တတိယပတ် ဆီထွက်သီးနှံဈေးကွက် အနေနဲ့ နှမ်းမျိုးစုံဒေသတွင်း စိုက်ဧက တိုးချဲ့ပေမဲ့ အထွက်လျော့ကာ တရုတ် ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ဈေး ကွက်မှာတစ်ရက်ထက် တစ်ရက် တက် ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မြေပဲ ဆန်ဈေးကွက်မှာတော့ ဒိုင်နယ်မြေ တစ်ဝိုက် စိုက်ဧကတိုး၊ အထွက်တိုးပေမဲ့ ဝယ်လိုအား လျော့နေတာကြောင့် ဈေး အေးနေပါတယ်။ အမြင့်ဆုံးဈေးများနဲ့ နေ့စဉ်မာနေတဲ့ ဆီဈေးကွက်ရဲ့ လိုအပ် ချက်ကို ယခုအခါ မုံရွာခရိုင်နဲ့ ယင်းမာ ပင်ခရိုင်များမှာ စိုက်ပျိုးခဲ့ကြတဲ့ ဆောင်း နေကြာတွေ ပေါ်စပြုပြီမို့ နေကြာဆီ ထုတ်လုပ်ရောင်းဝယ်မှုတွေ အရှိန်ရစ ပြုနေတာ တွေ့ရပါတယ်။

ယခုတစ်ပတ် ဆီထွက်သီးနှံ တစ် မျိုးချင်းရဲ့ ပေါက်ဈေး အခြေအနေကို ကြည့်ရင် မြေပဲဈေးကွက်မှာ မြေပဲဆန် နီတစ်ပိဿာ ၁၆၂၅ ကျပ်မှာငြိမ်နေ သလို မြေပဲဆန်ဖြူ(ဆီဆန်)တစ်ပိဿာ ၁၅၁၅ ကျပ်နဲ့ မြေပဲ (လုံးဆန်) တစ် တင်း ၂၆၅၀၀ ကျပ်ဈေးများမှာ တန့် နေတာ တွေ့ရပါတယ်။ နှမ်း မျိုးစုံ ဈေးကွက်အနေနဲ့ နှမ်းညိုတစ်တင်း ၄၂၅၀၀ကျပ်၊ နှမ်းဖြူတစ်တင်း ၅၃၅၀၀ ကျပ် အသီးသီး အမြင့်ဈေး ဖွင့်ဝယ်ယူ မှုရှိခဲ့ပေမဲ့ နှမ်းလက်ကျန်နည်းနေလို့ အရောင်း အဝယ်ခပ်ပါးပါးသာ ရှိခဲ့ တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ စားဆီဈေးကွက်မှာတော့ မြေပဲဆီဟာ တစ်ပိဿာ ၂၉၀၀ ကျပ်မှာတန့်နေပြီး၊ နှမ်းဆီကလည်း တစ်ပိဿာ ၅၀၀၀ ကျပ်မှာ ဆက်ငြိမ်နေပါတယ်။ စားအုန်း ဆီကတော့ အနည်းငယ်တက်ခဲ့ပြီး၊ တစ် ပိဿာ ၁၇၅၀ ကျပ်နဲ့ ဈေးမာခဲ့ပါ တယ်။ မြို့ပြစားဆီသန့်ဈေးကွက်မှာ တော့ မြေပဲဆီ သန့်ဟာ ရောနှောဆီပါ ဝင်မှုအနည်းအများအလိုက်တစ်ပိဿာ ၃၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိရှိပြီး၊ အဝင်လှိုင်စပြုတဲ့ နေကြာဆီသန့်က တော့ ပိဿာ ၁၀ ဝင်ပုံးတစ်ပုံးကို ၃၀၀၀၀ ကျပ်နဲ့ လက်ကားဈေးပေါက် နေတယ်လို့ ဈေးကွက်က ဆိုပါတယ်။ မုံရွာခရိုင်နဲ့ ယင်းမာပင်ခရိုင် တွေမှာပြီးခဲ့တဲ့ဆောင်းရာသီက ဆောင်း နေကြာ စိုက်ပျိုးမှုဟာ လျာထားဧက ၁ ဒသမ ၆၁ သိန်းထက် ၁ ဒသမ ၉၅ သိန်းကျော် ပိုမိုစိုက်ပျိုးခဲ့ကြလို့ နေကြာ အထွက်တိုးသလို နေကြာဆီဈေးကွက် လည်း ကျယ်ပြန့်လာဖွယ်ရှိတယ်လို့ သိရ ပါတယ်။ ထွန်းလှိုင် - မုံရွာ