Main menu

Background

ဗီယက်နမ်နိုင်ငံသည် ဖိနပ်ထုတ်လုပ်သည့်ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးနိုင်ငံဖြစ်ခဲ့

Wed, 09/15/2010 - 07:04 -- Anonymous (not verified)

 ဗီယက်နမ်နိုင်ငံသည် ဖိနပ်ထုတ်လုပ်သည့်ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးနိုင်ငံဖြစ်ခဲ့      ၂ဝ၁ဝ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံက ဖိနပ်တင်ပို့ခြင်းမှ ဝင်ငွေဒေါ်လာ ၅ ဒသမ ၂ ဘီလီယံရရှိဖို့ မျှော်မှန်းထား ပါတယ်။ နိုင်ငံတကာဖိနပ်ညီလာခံကို စက်တင်ဘာလ ၇ ရက်နေ့တွင် ဟိုချီမင်းမြို့တော်မှာကျင်းပခဲ့ပြီး ၎င်းညီလာခံကို တရုတ် (တိုင်ပေ)၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အမေရိကန် နဲ့ ဂျာမနီနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။၎င်း ညီလာခံ တွင် တက်ရောက်လာကြသူများမှ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပ ပို့ကုန်မြှင့်တင်ဖို့ နည်းလမ်းများအပြင် ကုန်ပစ္စည်းတင် ်ပို့သူများရဲ့ အခက်အခဲ များနဲ့ အကျိုးကျေးဇူးများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။     ယခုအချိန်တွင် အာရှနိုင်ငံဖိနပ်ထုတ်လုပ်သူများရဲ့ စုစုပေါင်းရှူးဖိနပ် ထုတ်လုပ်မှုမှာ ကမ္ဘာ့ရှူးဖိနပ်ဝယ်လိုအားရဲ့ ၇ဝ ရာခိုင်နှုန်းရှိပါတယ်။ ဗီယက်နမ် နိုင်ငံက ကမ္ဘာတွင် စတုတ္ထအကြီးမားဆုံး ဖိနပ်တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ပြည့် နှစ်တွင် ဖိနပ်တင်ပို့ခြင်းမှ ဝင်ငွေဒေါ်လာ ၅ ဒသမ ၂ ဘီလီယံရရှိဖို့ မျှော်မှန်းထားပါတယ်။  ဗီယက်နမ်နိုင်ငံရဲ့ ဖိနပ် ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်သွားဖို့ သဘောတူခဲ့ပါတယ်။    ၂ဝ၂ဝပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံရဲ့ ဖိနပ်ကဏ္ဍမှ ဒေါ်လာ ၁၃ ဘီလီယံ ရရှိပြီး ပြည်တွင်းကုန်ကြမ်းများအသုံးပြုကာ ထုတ်လုပ်မှုကို ၃ဝ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအကြားရှိရာမှ ၇ဝ ရာခိုင်နှုန်းကို မြင့်တင်သွားမှာဖြစ်ကြောင်း သိရပါတယ်။                             Source:VOVNews.com,  နှင်းပန်းဖြု