Main menu

Background

မတ်လဆန်း ပြည်ပဲဈေးကွက် မတ်ပဲနဲ့ ကုလားပဲ အဝင်များလို့ ဈေးလျော့သော်လည်း ပဲစင်းငုံနဲ့ ပဲကြီးဈေးများ ပြန်မြင့်လာခဲ့

Thu, 03/13/2014 - 12:11 -- ydnar

မတ်လဆန်းပြည်ပဲမျိုးစုံ ဈေးကွက် မှာ ဆောင်းသီးနံှပဲများအနက် ပဲတီစိမ်း နဲ့ ပဲပုပ်သီးနှံများမှာ ပဲလက်ကျန် မရှိ သလောက် ရှားသွားပြီး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ အဝင်များ လာခဲ့သလိုအရောင်းအဝယ်လည်းသွက် နေခဲ့ပါတယ်။ ပဲစင်းငုံသီးနှံကတော့ အဝင်ပါးသွားလို့ ပဲဈေးအနည်းငယ် မြင့် လာကာ ရန်ကုန်ဝယ်လက်များမှ နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ မတ်ပဲနဲ့ ကုလားပဲ သီးနံှကတော့ ပဲအဝင်များလာလို့ ယခင်တစ်ပတ်ထက် ဈေးလျော့ နည်း ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ နယ်များမှ အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ ရန်ကုန် ဝယ်လက်များ မှ အိတ် ၃၀၀ ကျော် - ၄၀၀ အထိ အဝယ်လိုက်လျက်ရှိခဲ့ပါတယ်။ ပဲဈေး နှုန်းမှာ တစ်တင်း ၁၈၃၀၀ ကျပ်ရှိခဲ့ပြီး၊ ယခင်နှစ်က ဈေးထက် ဈေးပိုရနေတာ ကြောင့် တောင်သူများမှလည်း ထွက် ရှိလာသမျှ ပဲသစ်များ ထုတ်ရောင်းချ နေခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံ သီးနှံမှာ ဖေဖော်ဝါရီလအတွင်းမှာ အရောင်းအဝယ်အသွက်ဆုံး ဖြစ်ခဲ့ပြီး၊ တစ်ရက်အိတ် ၅၀၀ ကျော်ထိ ရန်ကုန် ဝယ်လက်များ အဝယ်လိုက်ခဲ့ပါတယ်။ ယခု မတ်လဆန်းမှာ တစ်ရက် အိတ် ၂၀၀ ခန့်သာ ဝင်ရောက်ခဲ့ကာ လှောင် သမားဝယ်ယူမှုမရှိဘဲ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခဲ့ပြီး၊ တစ်တင်း ၁၈၃၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပိုလာခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ကံမမြို့နယ်မှ အိတ် ၃၀၀ အထိဝင်ရောက်ခဲ့ကာဒေသတွင်း မှ ဝင်ရောက်မှုနည်းခဲ့တယ်လို့ သိရပါ တယ်။ ခွဲစက်သမားနဲ့ လှောင်လက် သမားများမှ ဝယ်လိုအား များနေတဲ့ အတွက် တစ်ရက်အိတ် ၄၀၀ ကျော် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသစ်များ အောင်လံနဲ့ ပြည်မြို့ ကြား မြို့နယ်များမှ ရွှေကျွန်းပဲများဝင် ရောက်ခဲ့သလို ပန်းတောင်း၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲ၊ ကံမမြို့နယ်များမှ ကမ်းနားပဲ များ ဝင်ရောက်ခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော်ဝင်ရောက်ခဲ့ ပြီး လှောင်သမားနဲ့ ပဲကြော်ဖိုသမားများ ဝယ်ယူလျက်ရှိတာကြောင့် အိတ် ၆၀၀ အထိ နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ် ထက် တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေး ပိုရလာခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) တစ်တင်း ၂၆၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ယခင်နှစ်က ကာလတူ ဈေးနှုန်းနဲ့ သိပ်ကွာခြားမှု မရှိဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ ထောပတ်ပဲသစ်များလဲ ဈေးကွက် ကို စတင်ဝင်ရောက်ခဲ့ပြီး၊ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဖက်မှ တစ်ရက် အိတ် ၂၀ ခန့်ဝင်ရောက်လာခဲ့ပါတယ်။ လက်လီသမားများနဲ့သာအရောင်းအဝယ် ဖြစ်ပြီး၊ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ယခင်နှစ်အဖွင့်ဈေးထက် ဈေးပိုရနေခဲ့ ပါတယ်။ ပဲနီပြားသီးနှံကတော့ ပဲအဝင် ဆက်ရှိခဲ့ပြီး၊ လက်လီသမားရော ရန်ကုန် ဝယ်လက်ပါ အဝယ်ရှိလို့ အိတ် ၅၀ ကျော် နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ ဈေးနှုန်းမှာတော့ အဖွင့်ဈေးအတိုင်း တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ် ပဲမျိုးစုံဈေးကွက် အခြေအနေ ကို လေ့လာရာမှ ပဲတီစိမ်းနဲ့ ပဲပုပ်လက် ကျန်ပြတ်သွားပြီး၊ မတ်ပဲနဲ့ ကုလားပဲ အဝင်များလို့ ဈေးလျော့ခဲ့သော်လည်း ပဲစင်းငုံနဲ့ ပဲကြီးသီးနှံများ ဈေးအနည်း ငယ်မြင့်လာခဲ့ပါတယ်။ ပဲလွန်းဖြူနဲ့ ပဲနီ ပြားသီးနှံမှာ ဈေးငြိမ် ခဲ့ပြီး၊ ထောပတ် ပဲသစ်များဈေးဖွင့်ဈေးကောင်းရနေတာ ကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်