Main menu

Background

ကုလားပဲသစ်များ ပြည်ပဲဈေးကွက်ကို အဝင်များလာသော်လည်း ဈေးလျော့နည်းခဲ့

Thu, 03/13/2014 - 12:14 -- ydnar

ပြည်ပဲမျိုးစုံဈေးကွက်ကို ကုလားပဲ သစ်များ ဒေသတွင်းမြို့နယ်များထက် ကံမ ဘက်မှ အများဆုံး ဝင်ရောက် ခဲ့ပါ တယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော် ထိ ဝင်ရောက်ခဲ့ပြီး၊ ဝယ်လက်အနေနဲ့ အခြားတိုင်းမှ ဝယ်ယူမှု မရှိသေးဘဲ ဒေသတွင်းခွဲစက်သမားများနဲ့ လှောင် လက်သမားများ အဝယ်ရှိတာကြောင့် အိတ် ၄၀၀ ကျော်အထိ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ယခင်တစ် ပတ်ကထက် ၅၀၀ ကျပ်ခန့် ဈေးလျော့ သွားခဲ့သလို ယခင်နှစ်က ယခုမတ်လ ဆန်းအချိန်ပဲဈေးထက်လည်းဈေးလျော့ နေခဲ့ပါတယ်။ ယခင်နှစ် ကုလားပဲ ဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ရရှိခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း - ပြည်