Main menu

Background

ပြည်မတ်ပဲ ရန်ကုန်ဝယ်လက် ဝယ်လိုအားများ

Thu, 03/13/2014 - 12:15 -- ydnar

ယခုတစ်ပတ် ပြည်ဈေးကွက်ကို မတ်ပဲသစ်ဝင်ရောက်မှုများလာပြီဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပန်းတောင်းမြို့နယ်တို့မှ ဝင်ရောက်ခဲ့ဖြစ်ပြီး၊ တစ်ရက်အိတ် ၂၅၀ မှ ၃၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ပဲအဝင်များလာလို့ ပဲဈေးမှာလည်း တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့တာကြောင့် ယခုမတ်လဆန်းမှာ တစ်တင်း ၁၈၃၀၀ ကျပ်နဲ့သာ ရန်ကုန်ဝယ်လက်မှ ဝယ်ယူနေခဲ့ပါတယ်။ တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကျော်ထိ ဝယ်ယူလျက်ရှိပြီး၊ ဒေသတွင်း လှောင်လက်များဝယ်ယူမှု နည်းနေခဲ့ဲပြီး၊ ရန်ကုန်ဝယ်လက် ဝယ်လိုအားများနေတယ်လို့ သိရပါတယ်၊ ခင်ဆွေဝင်း-ပြည်