Main menu

Background

စင်ကာပူ၊ မလေးရှားနဲ့ ပါကစ္စတန်နိုင်ငံများကို မန်ကျည်းတင်ပို့

Thu, 03/13/2014 - 12:20 -- ydnar

သီတစ်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလနောက်ဆုံး သီတင်းပတ်မှာ မန်ကျည်း ၁၁၁၃ ဒသမ ၉၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၂၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၉၉၀ ဒသမ ၉၆၊စင်ကာပူ နိုင်ငံကို ၇၃ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှာ ကန်ဒေါ်လာနှစ်သိန်း လေးသောင်း ကျော် ဝင်ငွေရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ယခင် သီတင်းပတ် မန်ကျည်းတင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ကိုးဆယ်ကျော် ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ခဲ့ပါတယ်။    လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီလမှာ မန်ကျည်းတန်ချိန် ခုနှစ်ဆယ်ကျော်သာတင်ပို့နိုင်ခဲ့ပြီး ယခုဖေဖော်ဝါရီလမှာ တန်ချိန် သုံးထောင်ကျော်အထိ တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလမှာ မန်ကျည်း တင်ပို့မှုကြောင့် ကန်ဒေါ်လာ ခုနှစ်သိန်းခြောက်သောင်းကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOT)