Main menu

Background

တိုယိုတာက ဟိုင်းလပ်ကား တစ်သိန်းကျော် ပြန်သိမ်း

Wed, 09/15/2010 - 07:12 -- Anonymous (not verified)

 တိုယိုတာက ဟိုင်းလပ်ကားတစ်သိန်းကျော် ပြန်သိမ်း        လမ်းကြမ်းတွေပေါ်မှာ အသုံးများရင်ယာဉ်တွေပျက်စီးနိုင်တဲ့ စိုးရိမ်မှုကြောင့် သြစတြေးလျနိုင်ငံရှိ ဖိုးဝှီးဟိုင်းလပ်ကား အစီး ၁၁၆ဝဝဝ ကျော်ကို တိုယိုတာက  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြန်လည်သိမ်းယူခဲ့ပါတယ်။ ဓာတ်ဆီနဲ့ တာဘို ဒီဇယ်ဟိုင်းလပ်ကားတွေမှာရှိတဲ့ အောက်ပိုင်းအထိန်း ဘရက်ကက်တွေကို စစ်ဆေးဖို့အတွက် ၂ဝဝ၅ ခုနှစ် ဇန်နဝါရီ အတွင်းထုတ်လုပ်ခဲ့တဲ့ ကားတွေကို ပြန် သိမ်းထား တယ်လို့ တိုယိုတာသြစတြေးလျက ပြောကြားပါတယ်။      ကွဲျ၊နွားတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့အချိန်မှာ တောက်လျှောက် မောင်းနှင် လို့ဖြစ်ရတယ်လို့ ယူဆရတဲ့ ပျက်စီးမှု ၁၉ခုရှိခဲ့ပါတယ်။ ဒီထဲက အောက်ပိုင်းအထိန်း ဘရက်ကက်ပျက်စီးမှုဖြစ်တာ တစ်ခုပဲပါရှိပြီး လူကိုထိခိုက်မှုဖြစ်တာ မရှိခဲ့ပါ ဘူး။ဘေးအန္တရာယ် လုံခြုံရေးအတွက် ကားတွေပြန်သိမ်းတာက ကြိုတင်ကာကွယ်မှုလုပ် တာဖြစ်လို့ ကားပိုင်ရှင်တွေက ကိုယ့်ကားတွေကိုယ် ဆက်သုံးနေလို့ရပါတယ်လို့ တိုယိုတာပြောရေးဆိုခွင့်ရှိသူ လော်ရာဟီးလ်ကပြောပါတယ်။        Source : economictimes.indiatimes.com,ဉာဏ်တင်