မူဆယ်ဈေးကွက်ကြိုက်တဲ့ အင်းတော် ဆင်း -၃ ဆန် ဈေးကောင်းစောင့်နေ

တရုတ်နှစ်သစ်ကူးကာလအရောင်း အဝယ်အေးသွားတဲ့ ဆန်ဈေးကွက် နှစ် သစ်ကူးပြီးဆုံးသွားပေမဲ့ဆက်လက်အေး နေကြောင်း၊အင်းတော်မြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်နီ က ဆိုပါတယ်။ မနှစ်က ဖေဖော်ဝါရီလကုန်အထိ အင်းတော်မြို့နယ်မှ ၁၇၁၆ ဒသမ ၅၃၁ တန် တရုတ်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ် ၁၂၂၈ ဒသမ ၂၃၆ တန်၊ တင်ပို့ ခဲ့တဲ့အတွက် မနှစ်တုန်းကထက် လျှော့ခဲ့ ပါတယ်။ဒါကဘာကြောင့်လဲဆိုတော့ တရုတ်ကဆန်တစ်အိတ်ကို ၁၃၄ ယွမ် ပေးတယ်ကျွန်တော်တို့ရောင်းနိုင်တာက ၁၄၀ယွမ်ဖြစ်တဲ့အတွက် အရောင်းအေး သွားခြင်းဖြစ်တယ်။ ငွေလိုတဲ့ကုန်သည် များ အရှုံးခံရောင်းမှုရှိနေတယ်။ တရုတ် အဝယ်များတဲ့ ဆင်း - ၃ စပါးက တင်း တစ်ရာ၅၅၀၀၀၀ကျပ်၊ဆန်အောက်တန်း က ၂၆ အိတ်ဆိုတော့ တစ်အိတ်ကို ၁၄၀ ယွမ်နဲ့ရောင်းမှ သယ်ယူခ၊ ကိုင် တွယ်ခနုတ်ပြီး၊အမြတ်၃ဒသမ၀၄ယွမ်ပဲ အမြတ်ရမယ်။ အထက်ပိုင်းဆန်တွေ တရုတ်အဝင်နည်းပေမဲ့အောက်ဆန်တွေ တော့ ပုံမှန်အဝင်ရှိတယ်လို့ ၎င်းင်းထံက သိရပါတယ်။ လှောင်ကုန်သည်၊ စက်ပိုင်များ လက်ထဲမှာ စပါးတင်း ၁၀၀၀၀ မှ ၃၀၀၀၀ အထိ လှောင်ထားကြကြောင်း နဲ့ တရုတ်ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရပါ တယ်။ကြည်နိုင်ဦး - အင်းတော်