Main menu

Background

အတက်အကျအနည်းငယ်ဖြင့် လှုပ်ရှားလျက်ရှိသည့် မြန်မာ့ရွှေဈေး

Thu, 03/13/2014 - 12:30 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ ရွှေဈေးသည် အတက်အကျအနည်း ငယ်ဖြင့်သာလှုပ်ရှားလျက်ရှိနေကြောင်း ရွှေဈေးကွက်စောင့်ကြည့် နေသူတစ်ဦး က သုံးသပ်ပြောကြားသည်။မြန်မာ့ရွှေဈေးသည်ကမ္ဘာ့ရွှေ ဈေးပေါ်တွင် တည်မှီလျက်ရှိနေရာ ကမ္ဘာ့ ရွှေဈေးအတက်အကျပေါ်တွင် မူတည်၍ ဈေးဖွင့်နေသဖြင့် ဈေး အတက်အကျအနည်းငယ်ဖြင့် ရှိနေ ကြောင်း သိရသည်။ ကမ္ဘာတွင် ယူကရိန်းအရေးမှာ တည်ငြိမ်စပြုနေသဖြင့် ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျဆင်းလာခဲ့သော်လည်း ဥရောပဗဟိုဘဏ်၏အတိုးနှုန်းပြောင်း လဲမှုမရှိသောကြောင့် ကမ္ဘာ့ရွှေဈေး တက်လာကြောင်း တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ပြောကြားခဲ့သည်။

"မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေ ဈေးကိုမှီနေတာကြောင့် ကမ္ဘာ့ရွှေဈေး တက်လာရင် မြန်မာ့ရွှေဈေးလည်း လိုက်တက်လာတာပဲ။ နည်းနည်းတက် တာနဲ့ များများတက်တာပဲ ကွာတယ်။ ခုတစ်ပတ်အတွင်းမှာတော့ ရွှေဈေးက နည်းနည်းစီ တက်လိုက်ကျလိုက် ဖြစ်နေ တာ။ ယူကရိန်းအရေးကလည်း အေး သွားတယ်ဆိုပေမယ့် ဥရောပဗဟို ဘဏ်က အတိုးနှုန်းတွေ မပြောင်းဘူး ဆိုတဲ့အတွက် ရွှေဈေးက နည်းနည်း ပြန်တက်လာပြန်တယ်။ ဒီလိုပဲ တက် လိုက်ကျလိုက်နဲ့သွားနေမှာ။ ခုရက်ပိုင်း က ကလေးတွေလည်း စာမေးပွဲရှိတယ် ဆိုတော့ ရွှေအရောင်းအဝယ်က နည်း နည်းအေးတယ်။  ဈေးကလည်း တက် လိုက်ကျလိုက်ဆိုတော့အရောင်းအဝယ် ပါးတာကလည်း မဆန်းပါဘူး။  သြင်္ကန် ပြီးရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းသွား နိုင်တယ်"ဟု ၎င်းက ဆိုသည်။မြန်မာ့ရွှေဈေးသည် မတ်လ ၃ ရက်နေ့က ကျပ် ၆၈၅၅၀၀ ရှိခဲ့ရာမှ မတ်လ ၅ရက်နေ့တွင် ကျပ် ၆၈၃၃၀၀ သို့ ကျဆင်းသွားခဲ့သည်။ မတ်လ ၇ရက် နေ့တွင် ကျပ် ၆၈၅၉၀၀သို့ ပြန်လည် မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် မတ်လ ၃ ရက်နေ့တွင် ၁၃၄၃ ဒေါ်လာရှိခဲ့ရာမှ မတ်လ ၅ရက်နေ့တွင် ၁၃၃၆ ဒေါ်လာ သို့ကျဆင်းသွားခဲ့သည်။ မတ်လ ၇ရက် နေ့တွင် ၁၃၅၀ဒေါ်လာသို့ ပြန်လည် မြင့်တက်လာခဲ့သည်။မယ်သီတာ