Main menu

Background

ငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းလာ

Thu, 03/13/2014 - 12:30 -- ydnar

ငွေလဲနှုန်းများ မတ်လပထမပတ် တွင် ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ဘတ်ဂျက်ကာလဖြစ်သည့် အပြင် လတ်တလောဖြစ်ပေါ်လျက်ရှိ သည့် အမေရိကန်၏စီးပွားရေးအခြေ အနေများကြောင့် ငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းနေရခြင်းဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

"ဒီလထဲမှာ ငွေဈေးက ဆက်ကျ ဖို့ရှိနေတယ်။ ဘဏ်တွေက ထုတ် ရောင်းနေတာရယ်၊ အပြင်ဈေးကွက်ထဲ မှာလည်း ဒေါ်လာက လိုတာထက်ပိုနေ တာရယ်ကြောင့် ဈေးဆက်ကျဖို့ အကြောင်းမြင်နေတာပါ။ နောက်ပြီး အမေရိကန်ရဲ့လတ်တလောအခြေအ နေအရ စီးပွားရေးကလည်း ကျဆင်း နေတယ်။ အမေရိကန်ရဲ့ရာသီဥတု အခြေအနေကြောင့်လည်း စီးပွားရေး တွေ ကျဆင်းနေတဲ့အတွက် ဒေါ်လာ ဈေးက ကမ္ဘာတစ်ဝန်းလုံးမှာကျနေ တာပါ။ ဘတ်ဂျက်ကာလပြီးသွားရင် တော့ ပြန်တက်လာနိုင်ပါတယ်"ဟု ငွေ လဲဈေးကွက်အတွင်းမှ ဦးလှဝင်းက ဆို သည်။မတ်လ ၃ရက်နေ့က သိမ်ဖြူငွေ လဲ စင်တာတွင် ရောင်းဈေး ၉၈၄ကျပ်၊ ဝယ်ဈေး ၉၇၇ကျပ်ရှိခဲ့သော်လည်း မတ်လ ၄ရက်နေ့တွင် ရောင်းဈေး ၉၈၃ ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာမူ ၉၇၄ကျပ် အထိ ကျဆင်းလာခဲ့သည်။ မတ်လ ၇ ရက်နေ့တွင်ဆက်တိုက်ကျဆင်းလာခဲ့ပြီး ရောင်းဈေး ၉၈၀ကျပ်၊ ဝယ်ဈေး ၉၇၂ ကျပ်အထိ ဖြစ်လာခဲ့သည်။ပြင်ပငွေဈေးကွက်တွင်မူ မတ်လ ၃ရက်နေ့က ရောင်းဈေး ၉၇၆ကျပ်၊ ဝယ်ဈေး ၉၇၅ကျပ်ရှိခဲ့ပြီး မတ်လ ၄ ရက်နေ့တွင်မူ ရောင်းဈေး ၉၇၂ကျပ် ဝယ်ဈေး ၉၆၈ကျပ်သို့ ကျဆင်းသွား ခဲ့သည်။ မတ်လ ၆ရက်နေ့တွင်မူ ရောင်း ဈေး ၉၇၅ကျပ်၊ ဝယ်ဈေး ၉၇၃ကျပ်သို့  ပြန်လည်မြင့်တက်လာခဲ့သည်။ သို့သော် မတ်လ ၇ရက်နေ့တွင်မူ ရောင်းဈေး ၉၇၃ကျပ်၊ ဝယ်ဈေး ၉၇၁ ကျပ်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။မယ်သီတာ