Main menu

Background

ရာသီဥတုကောင်းမွန်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုက စားအုန်းဆီဈေးကို ကျဆင်းစေ

Thu, 03/13/2014 - 12:47 -- ydnar

တချို့ရင်းနှီးမြှုပ်နှံသူတို့က ဈေးနှုန်းမြင့်တက်မှု အရှိန်သေသွားပြီလို့ ယူဆကြတာနဲ့ အဓိက စားအုန်းဆီ စိုက်ပျိူးနယ်မြေတွေက မိုးလေဝသ ခန့်မှန်းချက် အခြေအနေက ရာသီဥတုခြောက်သွေ့မှုကြောင့် ယခုနှစ်အထွက် ကျဆင်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေတဲ့အတွက် စားအုန်းဆီဈေးက ၁၇ လအတွင်း အမြင့်ဆုံးရှိရာမှ ပြန်လည် ကျဆင်းခဲ့ပါတယ်။ ဘာဆာ မလေးရှားစာချုပ်စာတမ်း ရောင်းဝယ်ရေးဒိုင်မှာ မေလအတွက် ဖြန့်ချိမဲ့ ကြိုရောင်းဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန်ကို ၂၈၀၈ ရင်းဂစ်(ဒေါ်လာ ၈၆၀ ) နှုန်းရှိခဲ့ပြိး၊ ကွာလာလမ်ပူ မနက်ဈေးမှာ တစ်တန်ကို ၂၈၂၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် ဝယ်လိုအားမြင့်တက်မှုနဲ့ အင်ဒိုနီးရှား နဲ့ မလေးရှားမှာ ပူပြင်းခြောက်သွေ့မှုက ယခုနှစ်နောက်ပိုင်း ရောင်းလိုအား ကျဆင်းမှုကို ဖြစ်စေလိမ့်မယ်ဆိုတာ ခန့်မှန်းချက်တွေကြောင့် ယခုနှစ် ဇူလိုင်က သုံးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့တဲ့ စားအုန်းဆီဈေးက ကြိုရောင်းဈေးကွက်မှာ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ခြောက်သွေ့တဲ့ အခြေအနေတွေက မတ်လလယ် သို့မဟုတ် အကုန်လောက်မှာ စိုစွတ်လာလိမ့်မယ်လို့ မလေးရှား မိုးလေဝသ ဌာနက မတ် ၃ ရက်က ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံဒါလီယံ ဈေးကွက်မှာ စက်တင်ဘာအတွက် စားအုန်း ဆီသန့်ဈေးက ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ၆၃၁၀ ယွမ်( ၁၀၃၂ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကို ၇၀၅၈ ယွမ်နှုန်းရှိခဲ့ပါတယ် ။         ဉာဏ်တင်