Main menu

Background

စင်ကာပူဆောက်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုတိုးမြှင့်ဖို့ အစီအမံများ ချမှတ်

Tue, 03/18/2014 - 13:24 -- ydnar

အစိုးရကမြေရောင်းထားတဲ့ လုပ် ငန်းခွင် တင်ဒါအစိတ်အပိုင်းအချို့ အတွက် ကြိုတင်ပုံသွင်းပစ္စည်း တွေ ဖြစ်တဲ့ Prefabricated ,Pre-finished Volumetic Construction သို့မဟုတ် PPVC တွေနဲ့ ထုတ်လုပ် မှုစွမ်းအား မြင့်တက်စေမဲ့ နည်းပညာတွေကို ယခု နှစ်ပထမနှစ်ဝက်မှစပြီးအသုံး ချသွား မှာဖြစ်တယ်လို့ စီအင်အီးဝက်ဘ်ဆိုက် သတင်းမှာဖော်ပြထားပါတယ်။

ဆောက်လုပ်ရေးကဏ္ဍထုတ်လုပ် မှုမြှင့်တင်ဖို့အတွက် အစီအမံတွေကို စင်ကာပူပါလီမန်မှာ မတ် ၁၀ ရက်နေ့ ကကြေညာခဲ့ပါတယ်။ နန်ယန်းနည်းပ ညာတက္ကသိုလ်က  Prefabricated Pre-finished Volumetic Construction  သို့မဟုတ်  PPVC  ဆိုတဲ့ ကြို တင်ပြင်ဆင်ဆောင်ရွက်ပြီး တပ်ဆင်တဲ့ နည်းပညာကို အသုံးပြုပြီး စင်ကာပူနိုင် ငံရဲ့ ပထမဆုံးအထပ်မြင့်အဆောက်အ အုံကို ဆောက်လုပ်ခဲ့ပါတယ်။ PPVC  နည်းပညာက အမေရိကန် ပြည်ထောင်စု၊ ယူကေနဲ့ သြစတြေးလျ နိုင်ငံတွေမှာ အသုံးပြုလျက်ရှိနေပါ တယ်။ ဒီနည်းပညာအရ အတွင်းပိုင်း ပစ္စည်းတွေအပါအဝင် အခန်းတစ်ယူနစ် အလိုက်ကို လုပ်ငန်းခွင်မှာပင် တပ်ဆင် နိုင်မှာဖြစ်ပါတယ်။ ကျောင်းသား ၁၈၀၀ ဆန့်မယ်လို့ ခန့်မှန်းထားတဲ့ နော့သ်ဟီးလ်အဆောင် ကို ၂၀၁၅ ခုနှစ် နှစ်ကုန်မှာ အပြီးသတ် အပ်နှံနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။"ကျွန်တော်တို့ကလုပ်အားကို ၄၀ ရာခိုင်နှုန်းချွေတာနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။  ကုန်ကြမ်းကိုတော့ကျွန် တော်တို့နည်းပညာကိုသုံးပါတယ်။ ဒါ ကြောင့် ကုန်ကြမ်းစရိတ်တော့မြင့်တက် နိုင်ပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန် ထိန်းချုပ်နိုင်ရင် ကုန်ကျစရိတ်ကမပြော ပလောက်ပါဘူး။ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ပဲပိုပါမယ်"လို့ နန်း ယန်းတက္ကသိုလ်ဖွံ့ဖြိုးရေးနဲ့ အထောက် အကူပြုလုပ်ငန်းများ စီမံခန့်ခွဲရေးဌာန အမှုဆောင်အရာရှိချုပ် မစ္စတာပေါလ် ချိန်းက ပြောပါတယ်။ နန်းယန်းနည်းပညာတက္ကသိုလ် ကအားကစားခန်းမဆောင်သစ်ကို ဆောက်လုပ်ရာမှာ Cross Lamina-ted Timber  နည်းပညာကိုသုံးပါတယ်။ အိမ်ရာဆောက်လုပ်သူတွေက ကြိုတင်ပုံသွင်းထားပြီးဖြစ်တဲ့ ရေချိုးခန်း ယူနစ်(PBU)  ကိုအစိုးရအိမ်ရာတွေ မှာလည်း ယခုနှစ်ဒုတိယနှစ်ဝက်ကစပြီး အသုံးပြုရမယ်လို့ ပါလီမန်ကမတ် ၁၀ ရက်နေ့က ကြေညာပါတယ်။ (PBU) ပေါင်း ၁၄၀၀၀ ကို စက်ရုံ တွေမှာအပြည့်အစုံတပ်ဆင်ပြီး ပုဂ္ဂလိက လူနေအိမ်စီမံကိန်း ၂၀ မှာ ၂၀၀၅ ခုနှစ် ကစတင် အသုံးပြုခဲ့တယ်လို့ အ ဆောက်အအုံနဲ့ ဆောက်လုပ်ရေးအာ ဏာပိုင်အဖွဲ့က ပြောပါတယ်။