Main menu

Background

ဆယ်ကျော်သက်ကျန်းမာရေး

Tue, 03/18/2014 - 14:27 -- ydnar

ကလေးဘဝကျော်လွန်ပြီး ဆယ် ကျော်သက်များ၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများနောင် ရေးအတွက် ကလေးရောလူကြီးပါ စိန် ခေါ်မှုများနဲ့ကြုံရတယ်။ သူတို့အတွက် စည်းမျဉ်းစည်းကမ်းပိုလုပ်လာရတယ်။ မဖြစ်သင့်တာမဖြစ်အောင် လမ်းညွှန် သင်ကြားရတယ်။ ခက်ခဲတဲ့အကြောင်း အရာဆွေးနွေးရတယ်။ အပေါင်းအ သင်းမမှားဖို့ အရိပ်လိုကြည့်နေရတယ်။ သူတို့ရဲ့ကျန်းမားရေးနဲ့မျိုးဆက်ပွားကျန်း မာရေးအခြေအနေစစ်ဆေးပေးရတယ်။ အရွယ်ရောက်စပြုလာတဲ့ သူတို့ ကိုသူတို့တာဝန် သူတို့ယူစေကာ၊ မလုပ်တတ်တဲ့အရေးကြီးတဲ့ကိစ္စရပ်တွေ ကို မိဘတွေနဲ့တိုင်ပင်ပါလို့ ပြောထားရ တယ်။ သူတို့ရဲ့ဆန္ဒအတိုင်း အကုန်လုပ် နိုင်ဖို့ဖြေရှင်းဖို့မဟုတ်ဘူး။

ဆယ်ကျော်သက်များ ဆေးလိပ် ကစလို့ မူးယစ်ဆေးမသောက်မသုံးရ အောင်၊ ဘီယာကစလို့ အရက်မ သောက်စေရ။ ညီညွတ်တဲ့အစားအ သောက်များစားဖို့ အသင့်အမြန်စား (စနပ်)များဖြစ်တဲ့ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကျော်မစားစေရ။ ယင်းအစာများဟာ ဝက်ဆီ၊ ပြန်ကြော် ဆီ၊ ဆီအုန်း၊ ပြည့်ဝဆီနဲ့သုံးထားလို့ ရှောင်ရမယ်။ သို့မှသာသွေးအတွင်း ကို လက်စထရောများခြင်း၊ အဆီများခြင်း၊ နှလုံးအဆီဖုံးခြင်း၊ အသည်းအဆီဖုံးခြင်း မှသည် နာတာရှည်အသည်းရောင်ခြင်း၊ အသည်းကျွတ်ဆတ်နာ၊အသည်းကင်ဆာ အထိဖြစ်စေခြင်းမှ ကာကွယ်နိုင်မှာပါ။  နေ့စဉ်နာရီဝက်အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးလုပ်သင့် တယ်။ ကိုယ်လက်လှုပ်ရှားအားကစား ဟာကျန်းမားရေးနဲ့လျော်ညီတယ်။စားခဲ့ တဲ့အစာထဲက ကယ်လိုရီကုန်အောင် လောင်ကျွမ်းစေလို့ အသည်းအဆီဖုံး ခြင်း၊ အဝလွန်ခြင်းမဖြစ်တော့ဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အ ရေးကြီးတယ်။ ဥပမာ- အင်္ကျီချွေးစို ရေစိုနဲ့မနေရသလို ရေစိုအဝတ်ချက် ချင်းလဲပြီးဝတ်သင့်ပါတယ်။ တစ်ကိုယ် ရေသန့်ရှင်းရေးအတွက် တစ်ပတ်တစ် ခါ ခေါင်းလျှော်ခြင်း၊ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးလျှော်ခြင်း၊ အမှိုက်သ ရိုက်များ လှည်းကျင်းခြင်း၊ စားသောက် ပန်းကန်ခွက်ယောက်များသန့်ရှင်းစင် ကြယ်စွာထားခြင်းတို့လိုတယ်။ မိဘဆရာတွေကလည်း အ ကောင်းဆုံးက အရွယ်လိုက်ကျန်းမာ ရေးဆိုင်ရာ သိသင့်သိထိုက်တာ စတင် သိစေရမယ်။ မျိုးဆက်ပွားကျန်းမားရေး ကိုသိသင့်တဲ့အချိန်အရွယ်မှာ သိတတ် ကြဖို့ သင်ကြားပေးရမယ်။ လိင်ဆက်ဆံ ရေးကိုကြောက်ရွံတာထက် အစွပ်နဲ့သုံး ဖို့၊ အရေးပေါ်နှစ်လုံးပါတားဆေး (၇၂ နာရီဆေးလုံး) သောက်သင့်တဲ့အချိန် သင်ပြပေးရမယ်။ ကစားချိန်၊ စာကျက် ချိန်၊ စားချိန်၊ အိပ်ချိန်မှန်နေရမယ်။ တစ် နေကုန်တီဗီဂိမ်းနှိပ်နေတာမျိုး မဖြစ် သင့်သလို စာကျက်ချိန်မှာ ဗီဒီယိုမ ကြည့်သင့်ဘူး။ စားချိန်မှာ ကစားနေ တာ မဖြစ်သင့်သလို၊ အိပ်ချိန်မှာ စာကျက်တာ လေ့ကျင့်ခန်းအိမ်စာလုပ် တာ မဖြစ်သင့်ဘူး။ ဆယ်ကျော်သက် တွေဟာ အရွယ်နဲ့အလိုက်ရင့်ကျက် အောင် ပင်ကိုယ်ကျန်းမာရေးအခြေအ နေ၊ ကိုယ်ရေးကိုယ်တာအသေးစိတ် တွေကိုလိုက်နာဆောင်ရွက်လုပ်ကိုင်နိုင် စွမ်းရှိရမယ်။ အတန်းပညာတစ်နှစ်တစ် တန်းထူးချွန်စွာအောင်မြင်ဖို့လိုတယ်။ သက်မွေးဝမ်းကျောင်းပညာတစ်ခုတတ် ရမယ်။ မိဘဆရာတွေအနေနဲ့ အ ကောင်းဆုံးကအရွယ်အလိုက် ကျန်းမာ ရေးဆိုင်ရာသိသင့်တာသိသွားစေဖို့၊သတိ ရှိဖို့၊ ဖျားရင်သောက်ဆေးသောက်၊ ဆေး ခန်းပြဖို့လိုရင် သွားရမယ်။ အန္တရာယ် ရှိနိုင်တဲ့ရောဂါနဲ့အပြုအမူ၊ ကျန်းမာရေး အခြေအနေတွေကို သတိပြုနိုင်ဖို့လမ်း ပြပေးနိုင်ရမယ်။ ကလေးမှာကိုယ်ပိုင် ဖြေရှင်းဖို့မလွယ်တဲ့ အနေအထား ရောက်ရင် အခြားကျွမ်းကျင်သူဆရာ ဝန်ရဲ့အကူအညီပေးနိုင်ရမယ်။ ကလေး  မှာကိုယ်ပိုင်ဖြေရှင်းခြင်းအနေနဲ့ သိချင် စူးစမ်းချင်စိတ်အတွက် အဆင်ပြေချော မွေ့စွာစူးစမ်းမေးမြန်းဖို့လိုအပ်သလို စာရိတ္တနဲ့စေတနာကောင်းထားရမယ်။ ဆယ်ကျော်သက်ကျန်းမာရေးဆိုင်ရာ အလေ့အထပျိုးထောင်ရာမှာ ကိုယ်ရဲ့ ကျန်းမာရေးဆိုင်ရာအလေ့အထနဲ့ ပျိုး ထောင်မှုမှာ သဟဇာတဖြစ်ဖို့လိုတယ်။ ဘောလုံးကစားချင်သူ၊ ကစားနေသူကို ရေကူးသင်ပေးလို့ ရှေ့မရောက်ဘူး။ ကျန်းမာရေးမှတ်တမ်းသိမ်းဆည်းထားဖို့၊ ဒါမှအရေးကြုံလာရင်အခြားရောဂါတစ် ခုအတွက် ဆရာဝန်ကစဉ်းစားတွေး တောအဖြေရှာဖို့အကူညီရနိုင်တယ်။ လျင်မြန်နိုင်မယ်။ မျိုးဆက်သစ်ဆယ်ကျော်သက် များကို ကောင်းတဲ့အလေ့အထအမူအ ကျင့်တွေ လက်ဆင့်ကမ်းရေးမှာ မိဘ ဆရာတွေအတွက် အရေးကြီးတဲ့သမိုင်း ပေးတာဝန်ဆိုတာ ကိုယ်တိုင်သဘော ပေါက်နားလည်ကြမှသာ ယင်းတစ် ကိုယ်ရေသန့်ရှင်းရေးမျိုးဆက်ကျန်းမာ ရေးဆိုတာကို အကောင်အထည်ဖော် နိုင်မှာဖြစ်တယ်။ သူတို့လည်း နားလည် သဘောပေါက်သလို ကိုယ်တိုင် လည်းလိုက်နာကျင့်သုံးဖို့လိုပါမယ်။မိဘ ဆရာသမားများကတည့်မတ်ပေးရပါ့မယ်။