Main menu

Background

တရုတ်နိုင်ငံနှင့် သဘာဝဘေးအန္တရာယ်

Wed, 09/15/2010 - 07:39 -- Anonymous (not verified)

တရုတ်နိုင်ငံနှင့် သဘာဝဘေးအန္တရာယ်                 ၂ဝ၁ဝ ပြည့်နှစ် ပထမခုနှစ်လအတွင်း တရုတ်နိုင်ငံတွင် ဘူမိဗေဒဆိုင်ရာ သဘာဘေးအန္တရာယ်ပေါင်း ၂၆ဝဝဝ ကျော်ကျရောက်ခဲ့သဖြင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ဝ ဆခန့် ပိုခဲ့ကြောင်း၊ တရုတ်နိုင်ငံမြေယာနှင့် သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီး ရှှူရှောက်ရှီက သြဂုတ်လ ၂ဝ ရက်က ပြောကြားသည်။ မြေပြိုမှုနှင့် မြေကံျွမှုကြောင့် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသူ ၈၄၃ ဦးရှိကြောင်းနှင့် တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုတန်ဖိုးသည် ယွမ် ၃ ဒသမ ၃၄ ဘီလီယံ(ဒေါ်လာ ၄၉၁ သန်း ခန့်) ရှိကြောင်း ဝန်ကြီးကပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဘူဗိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရာတွင် အခက်အခဲများရှိနေပြီး မြေငလျင်ပြီးလျှင် မြေပြိုမှုကြောင့် ထိခိုက်မှုမှာ ဒုတိယနေရာတွင်ရှိနေသည်။      သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်ရင်ဆိုင်နေရသော တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များကိုကာကွယ်ရန် လေ့လာသင်ကြားနိုင်မည့် ပထမဆုံးတက္ကသိုလ်ကို ၂ဝ၁ဝ ပြည့်နှစ်အကုန် ၂ဝ၁၂ ခုနှစ်ဦးမှာ ဇီချွမ်းပြည်နယ်တွင် ဖွင့်လှစ် ရန် စီစဉ်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် သဘာဝဘေးအန္တရာယ်      ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လဆန်းပိုင်းက တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကန်ဆူးပြည်နယ်၊ ကိုျးရုခရိုင်တွင် မြေပြုမှု ကြောင့် လူ ၁၃၆၄ ဦးသေဆုံးပြီး ၄ဝဝ ပျောက်ဆုံးခဲ့သည်။       သဘာဝဘေးအန္တရာယ် ကြုံတွေ့နိုင်သောကြောင့် ပေကျင်းမြို့တွင် တောင်ခြေဒေသ၌ နေထိုင်သော မိသားစု ၂၅ဝဝ ကျော်ကို ကြိုတင်ကာကွယ်မှုအဖြစ် နေရာရွှေ့ပြောင်းပေးခဲ့ပြီး အခြားဒေသဆိုင်ရာ အစိုးရများကိုလည်း  အလားတူ စီစဉ် ဆောင်ရွက်မှုမိုျး ပြုလုပ်ရန်တိုက်တွန်းခဲ့သည်။ ဇီချွမ်းပြည်နယ်တွင် ရေကြီးမှုနှင့် မြေပြိုင်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ ၆၆ ဦးပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရက သြဂုတ် ၂ဝ ရက်တွင်ပြုလုပ် သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။       တရုတ်နိုင်ငံအနောက်တောင်ပိုင်း  ဒေသတို့တွင် ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလအထိ ဆက်တိုက်မိုးခေါင်မှုဖြစ်ပွားခဲ့သည်။ သို့ဖြစ်ရာ ရေပြတ်လပ်ပြီး သီးနံှစိုက်ပိုျးမှုကိုများစွာထိခိုက်စေခဲ့သည်။ ၂ဝ၁ဝ ပြည့် နှစ် ဇွန်လနောက်ပိုင်းမှာမူ တရုတ်နိုင်ငံနေရာအနံှ့အပြား၌ မိုးကြီး၍ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ သီးနံှထွက်ရှိမှုကို ထိခိုက်မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ပြည်ထောင်စုမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ရုံး၊ကူမင်းမြို့