Main menu

Background

တန်ဖိုးနည်းအိမ်ရာများကို စနစ်တကျ စိစစ်ပြီးမှ ရောင်းချပေးမည်

Tue, 03/18/2014 - 14:52 -- ydnar

တန်ဖိုးနည်းအိမ်ရာများကို ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွက်အထောက် အကူဖြစ်စေဖို့စနစ်တကျစိစစ်ပြီး၊ရောင်း ချပေးမှာဖြစ်ကြောင်းသိရပါတယ်။ တန်ဖိုးနည်းအိမ်ရာများကိုမန္တလေး မြို့ မြရည်နန္ဒာ၊ ကန်ကြီးကုန်းနဲ့ ဇီးအုပ် ရပ်အပါအဝင်ရောင်းမှားဝယ်မှားရှိခဲ့သူ များနဲ့ ဥပဒေနဲ့အညီ ဖယ်ရှားခဲ့ရသော အိမ်ပိုင်ရှင်များ၊

အငြိမ်းစားဝန်ထမ်းများ နေထိုင်ခွင့်ခက်ခဲနေတဲ့ ဝန်ထမ်းများနဲ့ ပြည်သူများကိုစနစ်တကျစိစစ်ပြီး ဦးစား ပေး အစီအစဉ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း၊ပထမအကြိမ်မန္တလေးတိုင်း ဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်း အဝေး(စတုတ္ထ)နေ့တွင် စည်ပင်သာ ယာရေးရာဌာနဝန်ကြီးဦးအောင်မောင်းက ပြောကြားခဲ့ပါတယ်။ တန်ဖိုးနည်းအိမ်ရာများကိုမန္တလေး မြို့ ချမ်းမြသာစည်မြို့နယ် မြရည် နန္ဒာ ရပ်ကွက်နဲ့ အောင်သာယာရပ်ကွက် တို့ မှာ ၈ ခန်းတွဲ ၄ ထပ်တိုက် ၂၇ လုံး၊ ၄ ခန်းတွဲ ၄ ထပ်တိုက် ၃၀ လုံး၊ စုစုပေါင်း ၅၇ လုံးမှာ အခန်းပေါင်း ၁၃၄၄ ခန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်းသိရပါတယ်။ ဇူးဇူး - မန္တလေး