Main menu

Background

မတ်လ တတိယပတ်မှာ ပြည်ပဲမျိူးစုံဈေးကွက်၌ ကုလားပဲသီးနှံအရောင်းအဝယ်သွက်သလို မတ်ပဲနှင့်ပဲကြီးသီးနှံလည်းသွက်ခဲ့

Mon, 04/07/2014 - 05:40 -- ydnar

မတ်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အဓိက အရောင်းအဝယ် ဖြစ်သောပဲများရဲ့ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ ကုလားပဲနဲ့ မတ်ပဲ၊ ပဲကြီးသီးနှံများမှာ အရောင်း အဝယ်သွက်နေခဲ့ပြီး ပဲစင်းငုံသီးနှံလည်း အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ကျန်ပဲများကတော့ အဝင် အထွက် သိပ်မများဘဲ အိတ် ၅၀ မှ ၁၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲမှာ ပန်းတောင်း၊ ဝက် ထီးကန်၊ ကျီးသဲ၊ ရွှေတောင်မြို့နယ်များ မှ တစ်ရက်အိတ် ၅၀၀ ကျော်ခန့်ဝင် လာသလို ရန်ကုန်ဝယ်လက်များမှလည်း နေ့စဉ် အိတ် ၇၀၀ ကျော်ဝယ်ယူခဲ့ပါ တယ်။ ဒေသတွင်း လှောင်လက်သမား အချို့လည်း ဝယ်ယူမှုရှိတယ်လို့သိရပါ တယ်။ ပဲဈေးမှာတစ်တင်း ၁၈၅၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

ပဲစင်းငုံသီးနှံမှာ ဖေဖော်ဝါရီလ အတွင်းမှာ အရောင်းအဝယ် အသွက် ဆုံး ပဲဖြစ်ခဲ့ပြီး၊ ယခုမတ်လအတွင်း မှာ တော့ ပဲစင်းငုံဝင်ရောက်မှု ပါးသွားပြီ ဖြစ်တာကြောင့် တစ်ရက်အိတ် ၁၅၀ ခန့်သာ ဝင်ရောက်ခဲ့ပါတယ်။ ပန်း တောင်း၊ ပေါက်ခေါင်းနဲ့ ကံမမြို့နယ် များမှသာဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက် ကျန်ပဲများထုတ်ရောင်းချခဲ့တာကြောင့် တစ်ရက်အိတ် ၂၀၀ ကျော် ရန်ကုန်ဝယ် လက်များမှ ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲ စင်းငုံဈေးမှာ တစ်တင်း ၁၈၄၀၀ ကျပ် ဖြင့် ဈေးအေး အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ ယခု ကာလတူအချိန်မှာ တစ်တင်း ၂၁၀၀၀ ကျပ် ရှိခဲ့တာကြောင့် ပဲစင်းငုံ ဈေးမှာ ယခုနှစ်အတွင်း ဈေးအညံ့ကြီး မဟုတ်သော်လည်း ယခင်နှစ်ဈေးကို မမီခဲ့ဘူးလို့သိရပါတယ်။     ကုလားပဲသီးနှံမှာ ယခုတစ်ပတ် မှာ တစ်ရက်အိတ် ၁၀၀၀ ကျော် ဝင် ရောက်ခဲ့ပြီး ပန်းတောင်းနဲ့ ကံမမြို့နယ် များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ ပါတယ်။ ဝယ်လက်အနေဖြင့် အခြား တိုင်းသို့ တင်ပို့မှုမရှိတော့ဘဲ၊ ဒေသတွင်း လှောင်လက်သမားနဲ့ ခွဲစက်သမားများ သာ အဝယ်ရှိလို့ ပဲဈေးမှာလည်း တစ် တင်း ၁၅၇၀၀ ကျပ်ဖြင့်သာ ဈေးငြိမ်နေ ခဲ့ပါတယ်။ ဝယ်ယူမှုမှာ တစ်ရက်အိတ် ၇၀၀ ကျော်ခန့်အဝယ်ရှိခဲ့ပြီး ကုလားပဲ ဈေးနှုန်းမှာလဲ ပဲစင်းငုံဈေးကဲ့ သို့ပင် ယခင်နှစ်ဈေးကို ယခုအချိန်ထိ မမီခဲ့ဘဲ ဈေးအနိမ့်နဲ့သာ အရောင်းအဝယ်ဖြစ် နေကြပါတယ်။ ယခင်နှစ်က ကုလားပဲ ဈေးနှုန်းမှာ တစ်တင်း ၁၈၅၀၀ ကျပ်ရှိ ခဲ့ကြောင်း သိရပါတယ်။ ပဲကြီး ဈေးနှုန်းများကတော့ ယခု အချိန်မှာယခင်နှစ် ကာလတူဈေးထက် တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးပိုနေခဲ့ပါ တယ်။ ယခင်နှစ်က ရွှေကျွန်း (တစ် တင်း) ၂၅၅၀၀ ကျပ်၊ ကမ်းနား (တစ် တင်း) ၂၄၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခု နှစ်မှာ ရွှေကျွန်း(တစ်တင်း)၂၆၀၀၀ ကျပ်၊ ကမ်း နား(တစ်တင်း)၂၅၀၀၀ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ပဲကြီးဝင် ရောက်မှုမှာ ပြည်-အောင်လံကြားမြို့ နယ်များနဲ့ ရွှေတောင်၊ ကျီးသဲ၊ ပေါက် ခေါင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခဲ့ သလို လှောင်သမားနဲ့ ပဲကြော်ဖိုသမား များ ယခင်နှစ်ဈေးကိုမျှော်လျက် သို လှောင်ကြတယ်လို့ သိရပါတယ်။ ယခု မတ်လ တတိယပတ်အတွင်း ကုလားပဲ သီးနှံမှာ အရောင်းအဝယ် အသွက်ဆုံး ဖြစ်ခဲ့သလို မတ်ပဲ၊ ပဲကြီးသီးနှံများ လည်းသွက်ခဲ့ပါတယ်။ ဈေးနှုန်းများ ကတော့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး ဈေးနှုန်း အနည်းငယ် လျော့နည်းခဲ့ပြီး ကုလားပဲ ဈေးငြိမ်နေကြောင်း သိရပါတယ်။ခင်ဆွေဝင်း-ပြည်