Main menu

Background

မုံရွာကုန်စည်ဒိုင်မတ်လ တတိယပတ် ပဲဈေးကွက်အနည်းငယ်ပြန်တက်လာ

Mon, 04/07/2014 - 05:42 -- ydnar

မုံရွာ ကုန်စည်ဒိုင် မတ်လတတိယ ပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဒိုင်ကို ပုံမှန်ဝင်ရောက်ခဲ့သလိုအရောင်းအဝယ် လည်းအနည်းငယ်တက်လာခဲ့တာ တွေ့ ရပါတယ်။ အထူးသဖြင့် ကုလားပဲမျိုးစုံ ဒေသစုံက အဝင်ပုံမှန်ရှိခဲ့ပြီး၊ ရောင်း လိုအားလည်းကောင်းသလို ဝယ်လို အားလည်းတက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ယခု တစ်ပတ်ပေါက် ဈေးအားဖြင့် ထိုင်ဝမ်တစ်တင်း ၁၄၆၀၀ ကျပ်မှ ၁၄၇၀၀ ကျပ်၊V2 တစ်တင်း ၁၅၆၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၆၀၀ ကျပ်အသီးသီးပေါက်ခဲ့ပြီး၊ ဒေသတွင်းပဲခွဲစက်နဲ့ကြာဇံစက်၊ လှောင် လက်အဝယ်ကြောင့် တစ်ရက်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုတစ်ပတ် ပဲစင်းငုံနီဈေးကွက် မှာလည်း ရန်ကုန်လက်နဲ့ လှောင်လက် ဝယ်လိုအားရှိလို့တစ်တင်း၁၈၅၀၀ ကျပ် မှ ၁၈၇၀၀ ကျပ်ကြား ပေါက်ဈေးဖြစ်ခဲ့ ကာတစ်ရက်အိတ်၂၀၀၀ကျော်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆို ပါတယ်။ ပဲတီစိမ်းသေးကတော့ ဝယ်လို အားရှိပေမဲ့ ဈေးမြှင့်ဝယ်မှ ရောင်းလက် က ထုတ်ရောင်းမှု ရှိခဲ့ကာ ယခုတစ် ပတ်မှာ ရန်ကုန်လက်အဝယ်ကြောင့် တစ်တင်း ၂၇၀၀၀ ကျပ်နဲ့ အိတ် ၂၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် ပဲကြီး ဈေးကွက် မှာလည်း ပဲစိုက်ဒေသနဲ့ ရေလိုင်းက သာ နယ်စုံကပဲ အဝင်သွက်နေပေမဲ့ ပြည်ပ ဝယ်လက်မရှိဘဲ ဒေသတွင်း လုပ်ငန်းသမားအဝယ်သာရှိခဲ့လို့ တစ် တင်း ၂၂၀၀၀ ကျပ်မှ ငြိမ်နေကာ တစ် ရက်အိတ်၂၀၀၀ ကျော် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲအနေနဲ့ နယ်အဝင်မရှိဘဲ တစ် တင်း ၁၈၇၀၀ ကျပ်ထိ ဈေးမာလာပေမဲ့ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရောင်း လက် ရှိမှသာ အရောင်းအဝယ်အနည်း ငယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု တစ်ပတ် စွန်တာနီလည်း တစ်တင်း၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ် ဝန်းကျင်ထိ ကျဈေးဖြစ်ခဲ့ပြီး၊ ဒေသ အဝယ်သာရှိလို့ တစ်ရက်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ ပုဂံပဲလိုင်းအနေနဲ့ မန်းဝယ် လက်က တရုတ်အတွက် ဝယ်လိုအားရှိ ပေမဲ့ ပဲအဝင်နည်းလို့ တစ်ရက်အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပေါက်ဈေးကတော့ တစ်တင်း ၃၆၀၀၀ ကျပ်နဲ့ ၃၇၀၀၀ ကျပ်ကြားမှာ တန့်နေ တာ တွေ့ရပါတယ်။ဈေးကွက်အနည်း ငယ် ပျောက်နေတဲ့ မြေထောက်ပဲလည်း ဒီရက်ပတ်ထဲမှာ ပဲအရည်အသွေးနဲ့ ဝယ်လက်ပေါ်မူတည် ပြီး၊ တစ်တင်း ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အတွင်း ပေါက်ဈေးကစားမှုရှိခဲ့ကာ ပျမ်းမျှအိတ် ၁၅၀၀ ကျော် အရောင်းအဝယ်ဖြစ်နေ တယ်လို့ မုံရွာကုန်စည်ဒိုင်ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင် - မုံရွာ