Main menu

Background

ဈေးငြိမ်နဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ မန်းပဲတီစိမ်းကြီး

Mon, 04/07/2014 - 06:31 -- ydnar

မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာနဲ့ ချောင်းဦးဒေသများ မှ ဝယ်ယူရရှိပြီး၊ ဝယ်ယူရရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်ဝယ်လက် အဆွဲသွက်တာ ကြောင့် ဈေးနှုန်းက အမြင့်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက် များကလည်း မန်းကုန်စည်ဒိုင်များမှာ အထိုင်နဲ့ အဝယ်ရှိတာကြောင့် ကြိုက် ရောင်းကြိုက်ဝယ် ရောင်းချကြောင်း သိရပါတယ်။ ယခု ၂၀၁၄ ခုနှစ်၊ မတ်လ တတိယအပတ်မှာ ပဲတီစိမ်းကြီး တစ် ပိဿာ ၁၅၁၁ ကျပ်( တစ်တန် ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းရွှေဝါ တစ် ပိဿာ ၁၆၅၃ ကျပ် (တစ်တန် ၁၀၁၂၂၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ် လို့ ပဲတီစိမ်း နှစ်မျိုးပေါင်းအိတ်၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းများကို တရုတ်ဝယ်လက် သာမက ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူကြောင်း၊ ဝယ်လက်များ ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှု ရှိကြောင်း၊ ရန်ကုန်ဝယ်လက်မှ တစ်ဆင့် စင်ကာပူကိုလည်း တင်ပို့ကြောင်း၊ အခြားပဲများ ပုံမှန်အဝယ်မရှိပေမဲ့ ပဲတီ စိမ်းကြီးမှာ နေရာတစ်ခု (ဈေးကွက်) မကရှိနေတာကြောင့် အရောင်းအဝယ် ကောင်းကြောင်း၊ မိမိတို့မှာ သိုလှောင် ချိန်ပင်မရအောင်အရောင်းအဝယ်သွက် ကြောင်း၊ ကုန်သည်ကြီးတစ်ဦးမှ ပြော ကြားပါတယ်။  စိုးအောင် - မန္တလေး