Main menu

Background

အနာဂတ်တွင် တောင်ကိုရီးယားနိုင်ငံသို့ နဂါးမောက်သီးတင်ပို့ရန် အလားအလာကောင်းမွန်

Wed, 09/15/2010 - 07:47 -- Anonymous (not verified)

 အနာဂတ်တွင် တောင်ကိုရီးယားနိုင်ငံသို့နဂါးမောက်သီးတင်ပို့ရန် အလားအလာကောင်းမွန်     ၂ဝ၁ဝပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်နိုင်ငံမှ နဂါး မောက်သီးကို တောင်ကိုရီးယားနိုင်ငံကိုတင်ပို့မှာ ဖြစ်ကြောင်း Nguyen Xuan Hong   မှ ပြောကြားခဲ့ပါတယ်။ မကြာသေး မီက ဗီယက်နမ်နိုင်ငံကိုတောင်ကိုရီးယား နိုင်ငံ အစိုးရမှ စေလွှတ်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ရောက်ရှိခဲ့ရာ ဗီယက် နမ်နိုင်ငံရှိ နဂါးမောက်သီးစိုက်ပိုျးတဲ့ ဒေသများဖြစ်တLong An  နဲ့Tien Giang  ပြည်နယ်များရှိ စိုက်ပျိုးမြေဧရိယာများနဲ့ စိုက်ပိုျးမှုနည်းစနစ်များကို  လိုက်လံစစ်ဆေးခဲ့ပါတယ်။    တောင်ကိုရီးယားနိုင်ငံမှ  ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံရဲ့ နဂါးမောက်သီးများကို အစားအသောက် လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှု တို့နဲ့ပြည့်စုံပြီး အရည်အသွေးကောင်းမွန်တဲ့  သီးနံှ များဖြစ် ကြောင်း၊ အစောပိုင်းကာလများက  တားမြစ်ခဲ့သော်လည်း ယခုအခါ ကိုရီးယားဈေးကွက်တွင် အလား အလာကောင်းလာ မှာဖြစ်ပြီး ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံများကိုလည်း ထပ်မံပြီး ဈေးကွက် ခဲျ့ထွင် သွားနိုင်မှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။Source:dangcongsan.vn, နှင်းပန်းဖြူ