Main menu

Background

ချင်းစိုတန်ချိန် တစ်ရာသုံးဆယ်ကျော်နဲ့ ချင်းခြောက်တန်ချိန် ခုနှစ်ဆယ်ကျော် တင်ပို့

Mon, 04/07/2014 - 06:42 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း ချင်းစို ၁၃၀ ဒသမ ၃ တန်နဲ့ ချင်းခြောက် ၇၁ ဒသမ ၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ပြည်ပ ဈေးကွက်နိုင်ငံများသို့တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံ ကို ချင်းစို ၁၃၀ဒသမ ၃တန်၊ချင်းခြောက် ၂၅ဒသမ ၆တန်၊မလေးရှားနိုင်ငံကို ချင်းစို ၂၆ တန်၊ အိန္ဒိယနိုင်ငံ ကို ချင်းခြောက် ၁၂ တန်၊ စင်ကာပူနိုင်ငံကိုချင်းခြောက် ၇ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာစုစုပေါင်းတန်ချိန် ၂၀၁ ဒသမ ၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ချင်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့ ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် သုံးဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းတင်ပို့မှုမှ ကန်ဒေါ်လာတစ်သိန်းသုံးသောင်းခြောက် ထောင်ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                                                                    MIRT (DOT)