Main menu

Background

နယ်ဝယ်လက် ဝယ်ယူမှုအားကောင်းလို့ ဈေးကောင်းရနေတဲ့ ပြည်ချင်းဈေးကွက်

Mon, 04/07/2014 - 06:44 -- ydnar

ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှ ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။ နယ်ဝယ်လက်က ဝယ်ယူမှု အားကောင်းလို့ ဈေးမြင့်ခဲ့တာကြောင့် ယခုနှစ်မှာ ချင်းဈေး ကောင်းနေပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ ပိဿာ ၄၀၀ ခန့် ပုံမှန်ရောင်းဝယ်နေပြီး၊ ချင်း တစ် ပိဿာ (ရှယ်) ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧရာဝတီ တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်၊ ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်