Main menu

Background

အိန္ဒိယမှာ အချိန်အခါမဟုတ် ရွာသွန်းခဲ့တဲ့ မိုးကြောင့်ရိတ်သိမ်းမဲ့ ဆောင်းကြက်သွန်နဲ့ ကြီးထွားဆဲ နွေကြက်သွန်ကို ထိခိုက်မှုရှိပေမဲ့ အထွက်နှုန်းကောင်းလို့ အဆင်ပြေ

Mon, 04/07/2014 - 09:00 -- ydnar

မဟာရှတ္တရာနဲ့ မဒ္ဒရာပရာဒက်ရှ်ဒေသတွင်ဖြစ်ပေါ် သော မိုးရွာသွန်းခြင်းနဲ့ မုန်တိုင်းဟာ ဧကများစွာသော ကြီး ထွားဆဲ နွေကြက်သွန်သီးနှံကို ၁၅ ရာခိုင်နှုန်း လျော့ကျရန် သက်ရောက်မှုရှိခဲ့ပါတယ်။သို့သော် စိုက်ပျိုးထုတ်လုပ်မှု မြင့် မားခဲ့သောဆောင်းကြက်သွန်ဟာ ယခုနှစ်အတွက် ကြာရှည် စွာ စားသုံးနိုင်မှုကို အထောက်အပံ့ဖြစ်စေခဲ့ ပါတယ်။ " မဟာ ရှတ္တရာမှာ ဧကများစွာသော ကြီးထွားဆဲကြက်သွန်သီးနံှများ ဟာ မုန်တိုင်းကြောင့်ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်သွားပါတယ်" လို့ အမျိုးသား ဥယျာဉ်သီးနှံသုတေသနနှင့်ဖွံ့ဖြိုးရေးဖောင် ဒေးရှင်း ဒါရိုက်တာ RP ဂျော့ပတာက ပြောပါတယ်။ " မဒ္ဒရာပရာဒေ့ရှ်မှာ ရွာသွန်းတဲ့မိုးဟာ ကြက်သွန်ခင်း များကို အတိုင်းအတာတစ်ခုအထိ ပျက်စီး စေခဲ့ပါတယ်။ ဆောင်းကြက်သွန် ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းကြက်သွန်အထွက်ကောင်းခဲ့လို့ စားသုံးမှုကို မထိခိုက် ပါဘူး"လို့ အမျိုးသား သမဝါယမ စိုက်ပျိုးရေး ဈေးကွက်ဖယ်ဒ ရေးရှင်း အဖွဲ့ဝင် CB  ဟော့ကာက ဆိုပါတယ်။ စောစောရိတ် သိမ်းတဲ့ ဆောင်းကြက်သွန်အချို့ကို ထိခိုက်မှုရှိတယ်လို့ ဂျော ပတာက ဆက်လက်ပြောပါတယ်။

ထွက်ရှိမှု မှန်းဆချက်နဲ့ ပြည်ပတင်ပို့မှု ယခုကြက်သွန်သီးနှံရာသီဟာ ဇွန်လမှာ ကုန်ဆုံးမှာဖြစ် ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာန ခန့်မှန်းချက်အရ ယခုသီးနှံ အထွက်မှာ တန် ၁၉ သန်းဖြစ်ပြီး၊ ယခင်နှစ်သီးနှံရာသီ အထွက်မှာ တန် ၁၆ ဒသမ ၈၁ သန်းဖြစ်ပါတယ်။ ကြိုတင် ခန့်မှန်းခြင်းက တန် ၁၉ သန်းထက် ၁၀ - ၁၅ ရာခိုင်နှုန်းလျှော့ မယ်လို့ ဂျောပတာက ဆိုပါတယ်။ အချိန်အခါမဟုတ် မိုး ကြောင့် ဆောင်းကြက်သွန်အရည်အသွေးကို ထိခိုက်နိုင်တယ် လို့ ဆက်လက်ပြောပါတယ်။ ဆောင်းကြက်သွန်ကို ဧပြီ၊ မေမှာ ရိတ်သိမ်းမှာဖြစ်ပြီး၊ စက်တင်ဘာမှ ဝင်ရောက်မဲ့ အစောဆုံးပေါ်မဲ့ နွေကြက်သွန်ဝင်ရောက်မဲ့ကာလ အတွင်း ဈေးနှုန်းထိန်းထားနိုင်မယ်ဆိုပါတယ်။ ယခင်နှစ် ကြက်သွန် အထွက်နှုန်းမြင့်မားတာကြောင့် ကြက်သွန်ခင်းအချို့ပျက်စီးတာတောင် ဈေးနှုန်းကြီးမယ် မထင်ပါဘူးလို့ ဆိုပါတယ်။ ပို့ကုန်ကပုံမှန် တန် ၁ - ၁ ဒသမ ၅ သိန်းလစဉ် တင်ပို့ပါတယ်လို့ thehindubusinessline  မှ ဖော်ပြထားပါတယ်။NLT - MIRT(DOTP)