Main menu

Background

မန်ကျည်းပို့အားကောင်းနေ

Mon, 04/07/2014 - 09:05 -- ydnar

ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သီတင်းတစ်ပတ် ဖြစ်တဲ့မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း မန်ကျည်း ၁၇၇၂တန်ကို တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၄၄၆ တန်၊ပါကစ္စတန် နိုင်ငံကို ၇၁၈ တန်၊စင်ကာပူနိုင်ငံကို ၄၃၈ တန်၊ ပိုလန်နိုင်ငံကို တန်ချိန် ၁၂၀ နဲ့ ဗီယက်နမ်နိုင်ငံကို တန်၅၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စ တန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီးဒုတိယအများဆုံတင်ပို့နိုင်ခဲ့တဲ့နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန်တစ် ထောင့်ရှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ဆယ်ကျော် အဝင်လျော့ခဲ့ပါတယ်။ဒီအချိန်က မန်ကျည်းပေါ်ချိန်ဖြစ်တာ ကြောင့် မန်ကျည်း တင်ပို့မှုမှာ ဆက်တိုက်ဆို သလိုပို့အားကောင်းနေပါတယ်။မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာလေးသိန်း သုံးသောင်းကျော်ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။                                                             MIRT (DOT)