Main menu

Background

ဈေးကောင်းစောင့်နေတဲ့ ကသာနနွင်း

Mon, 04/07/2014 - 09:09 -- ydnar

ကသာမြို့နယ် အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာ တို့မှာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ နနွင်း(နီ၊ ဝါ)စိုက်ဧက ၁၅၀ ကျော်စိုက်ပျိုးခဲ့ပြီး၊ ၁ ဧကအတွက် ပိဿာ ၇၀၀ ကျော်ရှိတဲ့ အတွက် ပိဿာချိန် ၁ သိန်းကျော်ထွက်ရှိမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသူတောင်သူမှ "ခုချိန်ဟာ နနွင်းဖော်ကာလဖြစ်ပါ တယ်။ ဒါပေမဲ့ နနွင်းဈေးက ၆၀၀ ကျပ် လောက်သာ ရှိတဲ့ အတွက် တူးမယ်ဆိုရင်လည်း အလုပ်သမားစရိတ်၊ သယ်ယူ ပို့ဆောင်စရိတ်နဲ့ ဘယ်လိုမှ ကာမိမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ အကယ်လို့ တူးဖြစ်ခဲ့မယ်ဆိုရင်တော့ ပိဿာ ၂၀၀၀၀ ကျော်လောက်ရရှိမယ်" လို့ပြောပြပါတယ်။ ဈေးကွက် ကိုက်ရင်တော့ မန္တလေး၊ ကျောက်ဆည်တို့ကို တင်ပို့ကြပြီး၊ လှောင်လက် အချို့မှာလဲ ပိဿာချိန် ၂၀၀၀၀-၃၀၀၀၀ ဝန်းကျင်သိုလှောင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။စွမ်းရည် - ကသာ