Main menu

Background

နနွင်းဟောင်း လက်ကျန်ရှိသေးလို့ နနွင်းသစ်ဈေးကွက်ကို မဝင်သေး

Mon, 04/07/2014 - 09:17 -- ydnar

ရှမ်းနနွင်းအသစ်တွေကတော့ ဈေးကွက်မရှိသေးပါဘူး။ အဟောင်းလက်ကျန်တွေတောင် အရောင်းထိုင်းနေတာ ကြောင့် အသစ်ကလည်း အခုအချိန်ထိ ခပ်အေးအေးပါပဲ။ ရာသီဥတုလည်း ခြောက်သွေ့ ပူပြင်းလာတာကြောင့် အခု အချိန်မှာ နနွင်း(စို)ကို ပြုတ်ရင် ၃-၄ ပိဿာမှာ တစ်ပိဿာ တင်ပါတယ်။ ဒါပေမဲ့လည်း လုပ်သားခ၊ လောင်စာခတွေနဲ့ အရင်နှစ်က အရင်းတောင် မကျေသေးတော့ မလုပ်ဖြစ်ကြ သေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံး၊ နမ့်စန်မှာလည်း နနွင်း အသစ်တွေပေါ်နေပါပြီ။ ဒါပေမဲ့လည်း နမ့်စန်နနွင်းကတော့ တောနနွင်းလို့ခေါ်တဲ့ နနွင်းရိုင်းတွေသာများပါတယ်။

နနွင်း ဈေးတွေကောင်းလွန်းတဲ့နှစ်တွေမှသာ နမ့်စန်နနွင်းကိုရော ရောင်း ပိုဝယ်ယူကြပေမဲ့ ဒီဘက်နှစ်တွေမှာတော့ နနွင်းက လည်း ဈေးကျ အသုံးပြုမှုလည်း မရှိတာကြောင့် ဈေးကလည်း တစ်ပိဿာကို ၂၀၀ ကျပ် - ၃၀၀ ကျပ်ခန့်သာရှိပါတယ်။ ဒီတစ်ပတ် နနွင်းပေါက်ဈေးတွေကတော့ ဟိုပုံးနနွင်း(စို)က တစ်ပိဿာကို ၁၀၀ ကျပ်၊ နနွင်းခြောက်က ၆၀၀ ကျပ် - ၆၂၀ ကျပ်၊ အောင်ပန်းနနွင်းကတော့ တစ်ပိဿာ ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။   ဧဧခိုင် - တောင်ကြီး