Main menu

Background

ဈေးနှုန်း၊ ဈေးကွက်ကို စောင့်ကြည့်နေကြတဲ့ မန်းပဲစင်းငုံနီ လှောင်လက်များ

Mon, 04/07/2014 - 09:29 -- ydnar

မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)မှာ ယခုမတ်လ တတိယ တစ် ပတ်လုံး ဈေးငြိမ်၊ ဈေးတူနဲ့ အရောင်း အဝယ်ဖြစ်တာက ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ)တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၇ ကျပ် (တစ်တန် ၅၇၃၈၀၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၅၀၀ မှ ၂၀၀၀ ခန့် အထိလည်းကောင်း၊ ပဲစင်းငုံ(ရွှေ) ၉၃၇ ကျပ်ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ) နှစ်မျိုးပေါင်းအိတ်၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ မနှစ်က ပဲစင်းငုံလှောင်လက်တွေ အထိနာတာကြောင့် ယခုအချိန်အထိ လှောင်လက်များက လှောင်ဖို့ အတွက် လက် မရဲကြသေးဘူး။ ဒါကြောင့် အရောင်းအဝယ်ကို သွက်သွက်လက် လက်နဲ့ ခပ်ပါးပါးလေးသာ အမြတ် ယူ ပြီး၊ အလုပ်ဖြစ်တယ် ဆိုရုံသာသာနဲ့ အလုပ်လုပ်နေရကြောင်း၊ တစ်နှစ်တည်း အထိနာတာက ပြန်ပြီးနာလထူနိုင်ပေမဲ့ နှစ်နှစ်ဆက်တိုက်အထိနာရင်တော့ နာလထူဖို့သိပ်မလွယ်တာကြောင့်လှောင် ဖို့ လက်တွန့်နေကြောင်း၊ ပြည်ပဝယ် လက် (အိန္ဒိယ)မှလည်း အင်တိုက်အား တိုက် ဝယ်ယူမှု မရှိတာကြောင့် စဉ်းစား နေရကြောင်း၊ လက်ရှိမှာတော့ ရောက် လာသမျှ ပဲစင်းငုံတွေကို လက်ထဲကြာ ကြာ မထားဘဲ သင့်တင့်တဲ့ ဈေးနှုန်းရပါ က ပြန်လည် ရောင်းချကြောင်း၊ မျှော် လင့်တဲ့ဈေးနှုန်းနဲ့ ဝယ်လိုအားမရှိ တာ ကြောင့် လှောင်လက်သမားများအနေ နဲ့ စောင့်ကြည့်လျက်ရှိကြောင်း ကုန် သည်ကြီးတစ်ဦးမှ ပြောကြားပါတယ်။ စိုးအောင် - မန္တလေး