Main menu

Background

ပြည်မတ်ပဲ အရောင်းအဝယ်သွက်နေသလို ဈေးလဲပိုလာခဲ့

Tue, 04/08/2014 - 06:59 -- ydnar

ယခုတစ်ပတ် ပြည်ပဲဈေးကွက်ကို မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၇၀၀ ကျော်- ၈၀၀ အထိ အဝင်များလာခဲ့ပြီး၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊ ဥသျှစ်ပင် နဲ့ ဝက်ထီးကန်ဘက်မှ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ပဲများဝင်ရောက်မှု များသလို ဝယ်လိုအားမှာလည်း လှောင်လက်ရော လိုင်းသမားများပါ အဝယ် လိုက်နေခဲ့တာကြောင့် ပဲဈေးမှာလည်း ယခင်တစ်ပတ် တစ်တင်း ၆၀၀ ကျပ်ခန့်ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၁၀၀ ကျပ်နဲ့ ဈေးကောင်းရပြီး၊ တစ်ရက် အိတ် ၁၀၀၀ ကျော်ထိ အရောင်းအဝယ် သွက်နေခဲ့ပါတယ်။ ပဲစိုက် တောင်သူများအနေနဲပ ယခင်နှစ်ထက် ဈေးပိုရလာလို့ ထွက်ရှိသမျှ မျိူးပဲလောက်သာ ချန်ပြီး၊ ထုတ်ရောင်းချနေသလို အချို့တောင်သူများကလည်း ဈေးကောင်းမယ့် အလားအလာကို မျှော်လျက် လက်ဝယ်သိုလှောင်ထားရှိကြတယ်လို့လည်း သိရပါတယ်။        ခင်ဆွေဝင်း-ပြည်