ယခု မတ်လ နောက်ဆုံးပတ်မှာ ပဲကြီးသီးနှံများ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်မြို့နယ်များမှ ဝင်ရောက်ခဲ့သလို နတ်တလင်း၊ တာပွန်ဖက်မှလည်း ပြည်ဈေးကွက်ကို လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပဲကြီးဝင်ရောက်မှု အနေနဲ့ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင်များလာခဲ့ပါတယ်။ ဈေးနှုန်းမျာ (ရွှေကျွန်း) တစ်တင်း ၂၅၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ပဲကြော်ဖိုသမားများနဲ့ လှောင်လက်သမားများ ဈေးကောင်းမျှော်လျက် ဝယ်ယူသိုလှောင်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
Background