Main menu

Background

ဗီယက်နမ်မှ အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှု ကျဆင်းလျက်ရှိ

Wed, 04/30/2014 - 05:48 -- ydnar

 
ဗီယက်နမ်မှ အာဖရိကသို့ ဆန် တင်ပို့မှုမှာ အခက်အခဲများစွာနဲ့ ရင် ဆိုင်နေရပြီး ထိုင်း၊ အိန္ဒိယတို့နဲ့ ဈေး ယှဉ်ပြိုင် တင်ပို့နေရတာကလည်း တစ် ချက်အပါအဝင်ဖြစ်နေပါတယ်။ စာရင်း ဇယားမှတ်တမ်းများအရ ပထမ လေး လပတ် ကာလမှာ အာဖရိကသို့ထိုင်းမှ ဆန်တန်ချိန် ၁ သန်း တင်ပို့နိုင်ခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၅ ဒေါ်လာမှ ၁၀ ဒေါ်လာထိ ဗီယက်နမ် ဆန်ထက်ဈေးသက်သာပြီးတင်ပို့နိုင်ခဲ့ ပါတယ်။

ဒါအပြင် အိန္ဒိယနဲ့ ပါကစ္စတန် ကတင်ပို့ တဲ့အခါ သယ်ယူစရိတ်မှာ တစ် တန်လျှင် ဒေါ်လာ ၃၀မှ ၄၀ထိ ဗီယက်နမ်ဆန်ထက်သက်သာစေလျက် ရှိနေပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာ အသင်း VFA ရဲ့ထုတ်ပြန်ချက်အရ အာဖရိက သို့ ဗီယက်နမ်ဆန်တင်ပို့မှုဝင်ငွေဟာ ၆၃ ရာခိုင်နှုန်းနီးပါး ကျဆင်းနေပြီး စုစု ပေါင်းပို့ကုန်တင်ပို့မှုမှာ ၇ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့သိရပါတယ်။ အဆင့်များပြားရှုပ်ထွေးတဲ့ ငွေပေး ချေမှုစနစ်ကလည်း အာဖရိကသို့ ဆန် တင်ပို့မှုကိုကျဆင်းစေတဲ့ အကြောင်း တစ်ခုဖြစ်တယ်လို့သိရပါတယ်။ဘဏ္ဍာ ရေးကန့်သတ်ချက်ရှိတဲ့အတွက်အာဖရိက မှ ဆန်တင်သွင်းသူများဟာ CIF စနစ် နဲ့ စာချုပ်ချုပ်ဝယ်ယူမှုကို ပိုမိုနှစ်သက် ကြတယ်လို့ သိရပါတယ်။FAO ရဲ့ ထုတ်ပြန်ချက်များအရ အာဖရိကနိုင်ငံ များရဲ့ ဆန်စားသုံးမှုဟာ ၂၀၁၁ -၂၀၁၃ ခုနှစ်များမှာ တန်ချိန် ၂၄ မှ ၂၄ သန်း ခွဲကျော်ထိရှိခဲ့ပြီး လူတစ်ဦး ပျမ်းမျှ တစ် နှစ်စားသုံးမှုမှာ ၂၂ ဒသမ ၁ ကီလိုဂရမ် လို့သိရပါတယ်။ ဈေးကွက် အလားအလာရှိတဲ့ အာဖရိကနိုင်ငံများသို့ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့နှစ်နိုင်ငံဘဏ်များအကြား တွေ့ဆုံမှုများပြုလုပ်ရန် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန မှ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်လျက် ရှိပါတယ်။ အာဖရိကနိုင်ငံ ၅၅ နိုင်ငံ အနက် ၃၅ နိုင်ငံသို့ ဗီယက်နမ်မှ ၂၀၁၃ ခုနှစ် ဆန်တင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၇၇၇ သန်းကျော်ရှိနေပြီး ယမန်နှစ်က တင်ပို့မှုထက် ၂ ရာခိုင်နှုန်းကျော် ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။          CMK