Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက်မှာ သြင်္ကန်ပြီးကာလဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ပဲကြီးသာ ဈေးလျှော့ခဲ့

Wed, 04/30/2014 - 06:15 -- ydnar

သြင်္ကန်ပြီးကာလ ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ပဲဈေးကွက်ကို မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးများ ပြန်လည် ဝင် ရောက်လာခဲ့ပြီး၊ ကုလားပဲသီးနှံနဲ့ ပဲကြီး များ အများဆုံး ဝင်ရောက်ခဲ့ပါ တယ်။ကုလားပဲမှာ တစ်ရက် အိတ် ၅၀၀ ကျော်ထိ ပန်းတောင်း၊ အောင်လံ နဲ့ ပြည်ကြားရှိ မြို့နယ်များမှ ဝင်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ လှောင် သမားများမှ ဝယ်ယူသိုလှောင်နေကြသလို ခွဲစက် သမား များလည်း အဝယ်လိုက်ခဲ့တာ ကြောင့် အိတ် ၄၀၀ -၅၀၀ ခန့် နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ပဲ ဈေးကတော့ယခင်နှစ်က ဈေးကို မမီဘဲ တစ်တင်း ၁၅၄၀၀ ကျပ်နဲ့ သာ ဈေး အေး နေခဲ့တယ်လို့ သိရပါတယ်။
 

ပဲကြီးများအနေနဲ့နတ်တလင်း၊ ဇီးကုန်း၊ပန်းတောင်း၊ ရွှေတောင် မြို့နယ်များမှ (ရွှေကျွန်း)ပဲများဝင် ရောက်ပြီး၊ ကြို့ပင်ကောက်၊ ပေါင်း တည်၊ ကံမဖက်မှ (ကမ်းနား)ပဲများ ဝင်ရောက် ခဲ့ကြပါတယ်။ သြင်္ကန် မတိုင်မီကာလမှာ ပဲကြီး(ကမ်းနား)များ အရောင်းအဝယ်သွက်ခဲ့သလို ဈေးနှုန်း မှာလည်း တစ်တင်း ၂၆၅၀၀ ကျပ်ရရှိခဲ့ ပြီး၊ ယခုသြင်္ကန်ပြီးကာလမှာ ရွှေကျွန်း ရော ကမ်းနားပါ အရောင်းအဝယ် အေးခဲ့သလို ဈေးနှုန်းမှာလည်း တစ် တင်း တစ်ထောင်ကျပ်ခန့် ဈေးလျော့ နည်း ကျဆင်းသွားခဲ့ပါတယ်။ မတ်ပဲမှာ ပဲထွက်ရှိမှု အနေနဲ့ အချို့ဒေသများမှာ အထွက်နှုန်းများ ကျဆင်းခဲ့သော်လည်း ပဲဈေးနှုန်းမှာ ယခင်နှစ်ကထက်တော့ ဈေးပိုရနေတဲ့ အတွက် အရှုံးမရှိနိုင်ဘူးလို့ သိရပါ တယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်နှစ်က တစ်တင်း ၁၈၀၀၀ ကျပ်ခန့်သာ ရရှိခဲ့ ပြီး၊ ယခုနှစ်မှာတော့ တစ်တင်း ၂၀၈၀၀ ကျပ်ထိ ဈေးပိုရလာခဲ့ပါတယ်။ ပဲဝင် ရောက်မှုမှာ တစ်ရက် အိတ် ၄၀၀ ခန့် သာ ဝင်ရောက်ပြီး၊ ယခုရက်ပိုင်းမှာ ရန်ကုန် ဝယ်လက်ထက် လှောင်လက် အဝယ်ပိုလာခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံကတော့ ပဲအဝင် သိပ်မရှိ တော့ဘဲ လှောင်ပဲများသာ ရန်ကုန်ဝယ် လက်အပေါ် မူတည်ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့ရာ နေ့စဉ် အဝယ်မရှိဘဲ အဝယ်ရှိတဲ့ ရက်မှာသာ အိတ် ၃၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာလည်း မတ်ပဲဈေးနဲ့ သိပ်ကွာခြားမှုမရှိဘဲ တစ်တင်း ၂၀၅၀၀ ကျပ်ရှိသော်လည်း ယခင် နှစ်က ဈေးကို မမီခဲ့ဘူးလို့ သိရပါ တယ်။ ယခင်နှစ်က ယခုအချိန် ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲပုပ်မှာ ပဲလက်ကျန်အနည်း ငယ်ရှိခဲ့သော်လည်း အရောင်းအဝယ် မဖြစ်သလောက် အေးခဲ့ကာ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ တစ်ခါတရံ လက်လီ သမားအချို့ အဝယ်ရှိခဲ့ပါတယ်။ ပဲပုပ် ဈေးမှာလည်း ယခင်နှစ်ဈေးနဲ့ သိပ် ကွာခြားမှု မရှိဘဲ ယခင်နှစ်က တစ်တင်း ၁၈၀၀၀ ကျပ်ရရှိခဲ့ကာ ယခုနှစ်မှာ ၁၀၀၀ ကျပ်ခန့်သာ ဈေးပိုရခဲ့ပါတယ်။ ပြည်ပဲဈေးကွက်အတွင်း သြင်္ကန်ပြီး ကာလမှာ ပဲဈေးနှုန်းများ ဈေးအပြောင်း အလဲ သိပ်မဖြစ်ခဲ့ဘဲ ပဲကြီးသာတစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့ ကြောင်း သိရှိရပါတယ်။ခင်ဆွေဝင်း-ပြည်